Adele ရဲ့ Hello သီချင်းနဲ့ နှစ်သစ်ကို ကြိုဆိုခဲ့တဲ့ Celine Dion
ကနေဒါ အဆိုတော် Celine dion သည် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် မြို့ နှစ်သစ်ကူးအကြိုညတွင် ကျင်းပပြုလုပ်သော ၎င်း၏ဖျော် ဖြေပွဲအတွင်း ဗြိတိန်အဆိုတော် Adele ၏ Hello သီချင်းကို သီဆိုပြီး၂၀၁၆ ကိုကြို ဆိုကြောင်း ပြောကြားခဲ့ပြီး ပရိ သတ်များကို အံ့အားသင့်စေခဲ့ပါ သည်။
‘‘ဒီနေ့ညမှာ အဆိုတော် Adele ကို ကျွန်မတို့ရဲ့ နှစ်သစ်ကူး အကြိုပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်စေလိုပါတယ်။ လန့်မသွား ကြပါနဲ့။ Adele က ဒီအဆောက် အအုံထဲမှာ မရှိပါဘူး။ ကျွန်မရဲ့ မိုက်ခရိုဖုန်းထဲက ဘက်ထရီကိုလဲ ဖို့လိုပြီလားမသိဘူး။ Hello? Hello?’’ဟု celine dion က ပြောကြားပြီး Adele ၏ သီချင်းကို တင်ဆက်ခဲ့၍ ပရိသတ်များကို နှစ်သစ်ကူးအံ့သြမှု ဖြစ်စေခဲ့သည်ဟု Billboard သတင်းက ဖော်ပြ သည်။
အသက် (၄၇)နှစ်အရွယ်ရှိ အဆိုတော် Celine dion သည် အသက် (၂၇)နှစ်အရွယ်ရှိ အဆို တော် Adele ၏ Rolling in the Deep သီချင်းကို ကိုယ်ပိုင်ဟန် ဖြင့် သီဆိုခဲ့ဖူးပါသည်။