1. Home
  2. Good Morning Myanmar

ပုဂံဒသ နိုင်ငံခြားဧည့်ဇုန်ဝင်ကြေး မြန်မာကျပ်ငွေဖြင့်ပြောင်းလဲကောက်ခံ

Good Morning Myanmar ม.ค. 07, 2559 view 1,547

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသကို လာရောက်လေ့လာနေကြတဲ့ နိုင်ငံခြားသားတွေကို အရင်က တစ်ဦးကို အမေရိကန်ဒေါ်လာ (၂၀) ကောက်ခံနေရာမှ (၂၀၁၆) ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့ မှ စတင်ပြီး မြန်မာကျပ်ငွေနဲ့ ပြောင်းလဲကောက်ခံခဲ့တဲ့ အကြောင်းကို ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့  ဖေ့ဘွတ်စ်စာမျက်နှာမှာ ထုတ်ပြန်ထားပြီး ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှု ချုပ် ဦးသိန်းလွင်ကလည်း ဒီအချက်ကို အတည်ပြုပြောကြားလိုက်ပါတယ်။ မြင်းခြံမြို့ ဘက်မှအ၀င် လက်ပံခြေပေါ် ဇုန်ဝင်ကြေး ကောက်ခံရေးဂိတ် ၊ ပုဂံ - ညောင်ဦးလေဆိပ် ဇုန်ဝင်ကြေး ကောက်ခံရေးဂိတ် ၊ ကျောက်ပန်းတောင်းမြို့ ဘက်မှဝင် ဇုန်ဝင်ကြေး ကောက်ခံရေးဂိတ် အစရှိတဲ့  နေရာတွေမှာ နိုင်ငံခြားသားတစ်ဦးကို ဇုန်ဝင်ကြေး မြန်မာကျပ်ငွေ နှစ်သောင်းခွဲနဲ့  ပြောင်းလဲကောက်ခံနေတာဖြစ်ပါတယ်။ ဒါအပြင် ပုဂံပြတိုက်ကို ၀င်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးကို အမေရိကန်ဒေါ်လာ (၅) ဒေါ်လာ ကောက်ခံခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာကျပ်ငွေ (၅၀၀၀) ကျပ်ကို ပြောင်းလဲကောက်ခံခဲ့ပြီး ယခုနှစ်အစပိုင်းမှာဇုန်ဝင်ကြေးကို ယခုလိုပြောင်းလဲကောက်ခံခဲ့တာဖြစ်ပါတယ်။



Follow us on