1. Home
  2. Good Morning Myanmar

အငြိမ်းစားပင်စင် လစာတွေတပြေးညီခံခွင့်ပေးဦးမည်မဟုတ်

Good Morning Myanmar ม.ค. 08, 2559 view 1,539

အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာတွေ တပြေးညီခံစားခွင့်ရရှိရေး ဆောင်ရွက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဇန်န၀ါရီ(၅)ရက် အမျိုးသားလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။လက်ရှိ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ အနားယူခါနီးရ ရှိတဲ့ လစာအနည်းအများးနဲ့ လုပ်သက်ပေါ်မူတည် တွက်ချက်နေလို့ ကွာခြားချက်တွေရှိနေပြီး ဒါကိုတပြေးညီခံစားခွင့် ပြင်ဆင်ပေးဖို့ အစီစဉ်ရှိ၊ မရှိ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထွန်းအုံး က ဖြေကြားသွားပါတယ်။ဘဏ္ဍာရေး ဒုဝန်ကြီးက ဖြေကြားရာမှတော့ လက်ရှိနိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေ၊ အငြိမ်းစားဝန်ထမ်းအရေအတွက်၊ လစဉ်ကျခံနေတဲ့ လစာအခြေအနေတွေကို အခြေခံပြီး ဆောင်ရွက်နေရတာကြောင့် လတ်တလော ပြင်ဆင်ပေးဖို့ မရှိသေးပါဘူးလို့ဆိုပါတယ်။



Follow us on