1. Home
  2. Movie Stars - Celebrity

ခြောက်လအတွင်း ပြန်လည်လှုပ်ရှားမယ့် AOA အဖွဲ့

Movie Stars - Celebrity ม.ค. 11, 2559 view 1,764

ခြောက်လအတွင်း ပြန်လည်လှုပ်ရှားမယ့် AOA အဖွဲ့

                                AOA အဖွဲ့ သည် 2016 တွင် အနုပညာလှုပ်ရှားမှုများ ပြန်လည်စတင် မည်ဟု ၎င်းတို့၏အေဂျင်စီကပြောကြားခဲ့ သည်။‘‘AOA အဖွဲ့ဝင်တွေအားလုံး အရမ်းအလုပ်များနေပါတယ်။ ဒါပေမဲ့ သူတို့တွေ အချိန်ရတိုင်း တေးအယ်လ်ဘမ်သစ်အတွက် အသံသွင်းတာတွေ လုပ်ပါတယ်။

                              သီချင်းတွေ အသံသွင်းတာနဲ့ အကလေ့ကျင့်တာတွေလုပ်ပြီး 2016 ပထမနှစ်ဝက်မှာ အနုပညာခြေ လှမ်း ပြန်လည်စဖို့ ပြင်ဆင်နေပါ တယ်’’ဟု အေဂျင်စီတာဝန်ရှိသူ တစ်ဦးက Star News သတင်းအားပြောကြားခဲ့သည်။ ‘‘ပြီးခဲ့တဲ့နှစ်မှာ ဆိုဟွန်း၊ ချို အာနဲ့ ဂျီမင်းတို့က တစ်ကိုယ် တော် အနုပညာလှုပ်ရှားမှုတွေနဲ့ အလုပ်များနေခဲ့ပါတယ်။

                              ဒီနှစ်မှာတော့ အဖွဲ့လိုက် အနု ပညာလှုပ်ရှားမှုတွေအတွက် ကြိုး ပမ်းဆောင်ရွက်သွားမှာပါ’’ AOA အဖွဲ့သည် အကအဖွဲ့ တစ်ဖွဲ့အဖြစ်သာမက ဂျီမင်း၊ ချိုအာ၊ ယူနာ၊ မင်နာနှင့် ယူဂျောင်းတို့ပါဝင်သော AOA Black အဖွဲ့အမည်ဖြင့် တေးသီချင်းများ ထွက်ရှိရန် အစီအစဉ်ရှိပြီ ပြီးခဲ့သည့် ဇွန်လတွင် ထွက်ရှိခဲ့သော Heart Attackတေးအယ်လ်ဘမ်ဖြင့် အောင်မြင် မှုများရရှိထားပါသည်။



Follow us on