1. Home
  2. Good Morning Myanmar

နိုင်ငံခြားဆေးတွေကို တိုင်းရင်းဆေး တံဆိပ်တပ်ပြီး စပ်ဆေးအဖြစ် ထုတ်လုပ်သူတွေကို စတင်အရေးယူ

Good Morning Myanmar ม.ค. 11, 2559 view 1,575

နိုင်ငံခြားဆေးတွေကို စပ်ဆေးလုပ်ကာ တိုင်းရင်းဆေး အမှတ်တံဆိပ်တပ်ရောင်းနေတဲ့ ဆေးကိုးမျိုးကို သုံးစွဲခွင့်ပိတ်သိမ်းလိုက်ပြီး အဲဒီထုတ်လုပ်သူတွေကို တရားစွဲဆိုထားပြီ လို့သတင်းရရှိပါတယ်။ဒီဆေးကိုးမျိုးကို တိုင်းနဲ့ပြည်နယ်အချို့ကဆေးဆိုင် တွေမှာတွေ့ခဲ့ရတယ်လို့ အစားသောက်နဲ့ ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန တာဝန်သူကပြောပါတယ်။

 

ဆေးဆိုင်တွေကနေ၀ယ်သောက်သုံးသူတချို့ရဲ့တိုင်တန်း ချက်ကတဆင့်ကွင်းဆင်းစစ်ဆေး ရာကဖမ်းမိထားတယ်ဆိုပေမယ့် ဖမ်းမိတဲ့ဆိုင်တွေ နဲ့ဘယ်ဒေသတွေမှာတွေ့ရှိတယ်ဆိုတာကိုတော့ ပြောဆိုထားခြင်းမရှိပါဘူး။ဒါပင်မဲ့ ဒီလို စပ်ဆေးတုထုတ်ပိုးရောင်းချသူတွေကို အမျိုးသားဆေးဝါး ဥပဒေပုဒ်မ(၁၈)နဲ့ တရားစွဲဆိုထားပြီး ဆက်လက်အရေးယူသွားမယ်လို့ အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတာဝန်ရှိသူကပြောကြားထားပါတယ်။



Follow us on