1. Home
  2. Good Morning Myanmar

ပန်းရောင်ကဒ်ကိုင် မြန်မာလုပ်သားများကို CI ထုတ်ပေးရန် ထိုင်း-မြန်မာ သဘော တူညီမှုရှိ

Good Morning Myanmar ม.ค. 12, 2559 view 1,540

ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေအတွက် သက်သေခံအထောက် အထား CI ထုတ်ပေးဖို့ထိုင်းအစိုးရနဲ့ သဘောတူညီမှုရရှိသွားပါပြီ။ဒီသဘောတူညီချက် အရထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးချိန်နီးကပ်နေတဲ့ ပန်းရောင်ကတ်ကိုင် မြန်မာနိုင်ငံသားတွေ တရားဝင်အလုပ်ထပ်မံလုပ်ဖို့အတွက် အဆင်ပြေသွားတော့မှာဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်းက ပန်းရောင်ကတ်ကိုင်မြန်မာ နိုင်ငံသားတွေ သက်သေခံအထောက်အထား CI ထုတ်ပေးမယ့် အစီစဉ်ကို ဇန်န၀ါရီ ၈ရက်နဲ့ ၉ရက်နေ့တို့မှာပြုလုပ်ခဲ့တဲ့နှစ်နိုင်ငံကျွမ်းကျင် သူများအစည်းအဝေးမှာ ထိုင်းဘက်က သဘောတူလက်ခံခဲ့တာဖြစ်ပါတယ်။



Follow us on