1. Home
  2. Good Morning Myanmar

US AID အကူအညီဖြင့်ဆေးပစ္စည်းဆိုင်ရာ ဥပေဒကြမ်း ပထမအကြိမ် ရေးဆွဲမည့်

Good Morning Myanmar ม.ค. 12, 2559 view 1,503

ဆေးပစ္စည်းဆိုင်ရာ ဥပဒေကြမ်းကို ပထမအကြိမ်အကြမ်းထည်ရေးဆွဲထားပြီး အခုဇန်န၀ါရီလ ကုန်မှာ US AID အကူအညီ ဒုတိယအကြိမ်ပြင်ဆင်ရေးဆွဲမယ်လို့ သိရပါတယ်။မြန်မာနိုင်ငံအနေနဲ့ ဆေးပစ္စည်း ဥပဒေရေဆွဲဖို့အတွက် ၂၀၁၅ ခုနှစ် စက်တင်ဘာလက အဖွဲ့ဝင် ၂၄ ဦးပါတဲ့ ဆေးပစ္စည်း ဥပဒေကော်မတီ ဖွဲ့စည်းကာ ဒီဇင်ဘာလထဲမှာ ပထမအကြိမ် ဥပဒေမူကြမ်းထွက်ရှိလာတာလည်းဖြစ်ပါတယ်။ ဆေးပစ္စည်းဥပဒေကြမ်းရေးဆွဲပြီးပါက ကျန်းမာရေးဝန်ကြီးဌာန၊ ရှေ့နေရုံး၊ လွှတ်တော်အဆင့်ဆင့်ကို တင်ပြရမှာဖြစ်တဲ့အတွက် ဆေးပစ္စည်း ဥပဒေထွက်ရှိလာဖို့ အချိန်တစ်နှစ်ကနေ တစ်နှစ်ခွဲဝန်းကျင်ကြာနိုင်တယ်လို့ သိရပါတယ်။



Follow us on