1. Home
  2. Good Morning Myanmar

မင်္ဂလာဈေးမှ ဈေးဆိုင်ခန်း များကို ယခု အပတ်အတွင်း အပြီး ပြောင်းရွေ့ပြီး ယခုလမှာပဲ ယာယီ ဈေးမှာ နေရာ ပြန်ချမည်

Good Morning Myanmar ม.ค. 12, 2559 view 1,757

မင်္ဂလာဈေှး ဈေးဆိုင်ခန်းများမှ ဈေးပစ္စည်းများကို ယခုအပတ်အတွင်းအပြီးထုတ်ယူခွင့် ပြုသွားမှဖြစ်ပြီး အခုလအတွင်းမှာပဲ ယာယီဈေးမှာ ပြန်လည်နေရာချပေးသွားမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မင်္ဂလာဈေးမီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၁၆၀၀ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ဇန်န၀ါရီလ (၁၀)ရက်နေ့ကစပြီး မီးလောင်ကျွမ်းမခံရတဲ့ ဈေးဆိုင်တွေက ပစ္စည်းတွေကို စတင်ထုတ်ယူခွင့်ပြုနေပြီး ပစ္စည်းထုတ်ယူခြင်းကိုတော့ အခုအပတ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မင်္ဂလာဈေးက ဆိုင်ခန်းပေါင်း ၄ထောင်ကျော်ကိုတော့ ရွှေမင်္ဂလာဈေးသစ်ရဲ့ ကားပါကင်နေရာနဲ့ ရွှေပြည့်စုံဈေးရှေ့ ကားပါကင်နေရာတို့မှာ အခုလအတွင်းမှာဘဲ ယာယီဈေးအဖြစ် ပြန်လည်နေရာချထားပေးသွားမှာဖြစ်ပါတယ်။



Follow us on