မူကြိုကျောင်းတက်နေပြီဖြစ်တဲ့ မင်းသားလေး George
ဗြိတိန်တော်ဝင်မင်းသားလေး George မူကြိုကျောင်းစတက် သည့်နေ့တွင် ရိုက်ကူးခဲ့သော အမှတ်တရဓာတ်ပုံနှစ်ပုံကို ကင်ဆင်တန် နန်းတော်က တွစ်တာစာမျက်နှာ၌ ပြန်လည်ဝေမျှခဲ့သည်။ မူကြိုကျောင်းအပြင်ဘက်ရှိ နံရံဆေးရေးပန်းချီ ရှေ့တွင် မတ်တတ်ရပ်နေသော မင်းသားလေးဂျော့ခ်ျ၏ ဓာတ်ပုံများကို မိခင်ဖြစ်သူ ကိတ်မစ်ဒယ်တန်ကိုယ်တိုင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အသက်၂ နှစ်ခွဲခန့်ရှိ မင်းသားလေး George သည် မိသားစု နေထိုင်ရာ စံအိမ်အနီး Westacre Montessori ကျောင်း၌ ဇန်နဝါရီ ၆ ရက်တွင် မူကြိုစတက်ခဲ့ခြင်းဖြစ်သည်။ မင်းသားလေး George သည် လန်ဒန်မြို့၌ နေထိုင်ချိန်တွင် ယင်းမူကြိုကျောင်းသို့ သွားရောက် မည်မဟုတ်ပေ။
ကျောင်း၌ မူကြိုကလေးပညာသင်ကြားစရိတ်သည် တစ်နာရီလျှင် ၅ ဒသမ ၅၀ ပေါင် (သို့မဟုတ်) တစ်ရက်လျှင် ၃၃ ပေါင် ကုန်ကျသည်။မင်းသားလေးဂျော့ခ်ျ၏ဖခင် မင်းသားဝီလျံသည် နန်းတော်ထဲ၌ ပညာရေးကို မစတင်ဘဲ မူကြိုကျောင်းတက်ခဲ့သော ပထမဆုံး ထိပ်တန်း တော်ဝင်ပုဂ္ဂိုလ်ဖြစ်သည်။