1. Home
  2. Good Morning Myanmar

ထန်းအခြေခံ ထုတ်ကုန် ပစ္စည်းများ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

Good Morning Myanmar ม.ค. 14, 2559 view 1,581

ထန်းအခြေခံ ထုတ်ကုန်ပစ္စည်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ(၉) ရက်နေ့ ကပုဂံယွန်းပညာရေးကောလိပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းနားကို သမ္မတစီးပွားရေး အကြံပေး ဒေါက်တာစိန်လှဗိုလ်၊ မန္တလေးမနုသဗေသဌာန ပါမောက္ခ ဒေါက်တာထွေးထွေးဝင်းနဲ့ ပုဂံယွန်းပညာ ကောလိပ်မှ ဌာနမှူးဦးမောင်လင်းနဲ့ ပညာရှင်များမှ စာတမ်း(၈)စောင်ဖတ်ကြားခဲ့ပါတယ်။အလုပ်ရုံဆွေးနွေးပွဲမှတော့ထန်း နဲ့ထန်းလုပ်ငန်းဆိုင်ရာသိကောင်းစရာများ၊ ထန်းထွက်ကုန်များ အရည်သွေးမြင့်မားရေး၊ ထန်းတက်သမားများရဲ့ လူနေမူဘ၀မြင့်မားရေးစတာတွေကို ဆွေးနွေးရှင်းပြခဲ့ပြီး တက်ရောက်လာတဲ့ ထန်းတက်ဦးကြီးများရဲ့ မေးမြန်းမှုများကိုလည်းပညာရှင်များက ရှင်းလင်းပြောကြားခဲ့ပါသည်။အခမ်းအနားဒုတိယပိုင်းမှာ တော့ ပညာရှင်များနဲ့ ထန်းတက်တောင်သူများမှအုပ်စုဖွဲ့ကာ ထန်းနှင့် ထွက်ကုန်ပစ္စည်းများအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။



Follow us on