1. Home
  2. Good Morning Myanmar

ဖားကန့် ကျောက်တွင်းမှာ မြေစာပုံ ပြိုကျမှု ထပ်ဖြစ်

Good Morning Myanmar ม.ค. 14, 2559 view 1,538

မကြာခဏမြေစာပုံပြိုကျနေတဲ့ ကချင်ပြည်နယ် ဖားကန့်ကျောက်တွင်းဒေသက ဆိုင်းတောင်ကျေးရွာနားမှာ ဇန်နရီလ ၁၂ရက်ည ၁၀နာရီလောက်မှာလည်း မြေပြိုကျမှုထပ်မံဖြစ်ပွားပြန်ပါတယ်။ဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ လူဦးရေဆယ်ဂဏန်း ကျော်လောက်အသေပျောက်ရှိတယ်လို့ပြေပေမယ့် ဖားကန့်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သေဆုံးသူစာရင်းကို အတည်ပြုနိုင်ခြင်း မရှိခဲ့လို့သိရပါတယ်။

ဒါ့အပြင် ရှာဖွေမှု လုပ်တဲ့နေရာ မှာလည်း အလောင်း တစ်လောင်းမှ မတွေ့ခဲ့ဘူးလို့ ပြောပါတယ်။ လောလောဆယ်မှတော့ အဲဒီမြေပြိုကျနေတဲ့ မြေစာပုံဧရိယာဟာ အန္တရာယ်သိပ်များတဲ့ အတွက်ရှာဖွေမှုတွေ ရပ်ဆိုင်းပစ်လိုက်ပြီလို့ အဲဒီနေရာကို သွားရောက် စစ်ဆေးတဲ့ ဖားကန့်ရဲ စခန်းက ရဲအရာရှိကပြောပါတယ်။ ဒေသခံတစ်ဦးကို ဆက်သွယ်  မေးမြန်း မှုအရ မြေပြိုကျမှုဟာ ညပိုင်းဖြစ်သလို ထုထည်ကြီးအတွက် ဆယ်ဂဏန်းလောက် ပိနိုင်မယ်လို့ ပြောပါတယ်။



Follow us on