1. Home
  2. Good Morning Myanmar

ရေကြောင်း ပညာ တက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးကို ဂျပန် နိုင်ငံမှာ ပညာသင်ဆု ပေးအပ်ခဲ့

Good Morning Myanmar ม.ค. 15, 2559 view 1,526

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်က ထူးချွန်ကျောင်းသား၊ကျောင်းသူ(၁၀)ဦးကို ဂျပန်နိုင်ငံ MJ Technology ကုမ္ပဏီလီမိတက်က ဇန်န၀ါရီလ ၁၃ ရက်က ရေကြောင်းပညာတက္ကသိုလ်မှာ ပညာသင်ဆုပေးအပ်ခဲ့ပါတယ်။ပညာသင်ဆုပေးအပ်ရာ မှာ ကျောင်းသားတစ်ဦးကိုတစ်နှစ်စာ အမေရိကန်ဒေါ်လာ ၆၀၀ စီပေးအပ်ခဲ့တာဖြစ်ပါ တယ်။ပညာသင်ဆုရွေးချယ်ပေးအပ်ရာမှာတော့ ရေကြောင်းပညာတက္ကသိုလ်က ဘာသာရပ်အလိုက်နောက်ဆုံး နှစ်ကျောင်းသား၊ ကျောင်းသူ(၇)ဦး၊ ပထမနှစ်မှာ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၃ ဦး၊ ကိုပေးအပ်ခဲ့တာပါ။ဂျပန်နိုင်ငံ MJ Telchnology ကုမ္မဏီလီမိတက် အနေနဲ့ အခုလိုပညာသင်ဆုပေးအပ်တာဟာ နှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကရေကြောင်းပညာ တက္ကသိုလ်က ဘွဲ့ရရှိခဲ့တဲ့ ကျောင်းသား ကျောင်းသူ အယောက် ၄၀ ကို ဂျပန်နိုင်ငံမှာအလုပ်ကိုင်ရရှိဖို့အတွက် လည်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။



Follow us on