1. Home
  2. Good Morning Myanmar

ဗီဇာကြေး တိုးမြှင့်ကောက်ခံတဲ့အတွက် မလေးရှားကို လုပ်သားပို့ဆောင်မှုများ ရပ်ဆိုင်း

Good Morning Myanmar ม.ค. 18, 2559 view 1,562

မလေးရှားနိုင်ငံကို လုပ်သားပို့ နေတဲ့ အေဂျင်စီတွေဟာ မလေးရှားဗီဇာကြေးနဲ့ ဝန်ဆောင်ခ စုစုပေါင်း (၅၇) ဒေါ်လာတိုးကောက်ခံမယ့် ကိစ္စကြောင့် မြန်မာလုပ်သား ပို့ ဆောင်နေတာတွေ ရပ်ဆိုင်းလိုက်ပြီလို့  အေဂျင်စီတွေဘက်က ပြောပါတယ်။ One Stop Centre (OSC) နဲ့  ကောက်ခံမယ့် ဗီဇာကြေး ပြသနာကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ ချုပ် MOEAF နဲ့  အေဂျင်စီတွေ ဆွေးနွေးကြပေမယ့် ဗီဇာတိုးကောက်ခံမယ့် အစီအစဉ်ကို OSC ဘက်က ပြင်ဆင်မပေးနိုင်ဘူးလို့  သိရပါတယ်။ အရင်က မလေးရှား ဗီဇာကြေးဟာ (၆) ဒေါ်လာ သာရှိခဲ့ရာက ဒီကနေ့  ဇန်န၀ါရီလ (၁၈) ရက်ကစပြီး OSC စနစ်အရ System Charge ၂၆ ဒေါ်လာနဲ့  Service Charge ၂၅ ဒေါ်လာအပါအ၀င် စုစုပေါင်း ၅၇ ဒေါ်လာအထိ ကောက်ခံတော့မှာပါ။ မလေးရှားကို လုပ်သားတင်ပို့ ခွင့် လိုင်စင်ရ အေဂျင်စီ (၁၀၀) ၀န်းကျင်ရပ်နားသွားမှာဖြစ်သလို MOEAF အနေနဲ့  မလေးရှားနိုင်ငံအပါအ၀င် အခြားနိုင်ငံတွေ တရားဝင်ပို့ ဆောင်ခွင့်လိုင်စင် (၂၄၇) ရှိပါတယ်။



Follow us on