Sandy Myint Lwin ရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲ
စန္ဒီမြင့်လွင်၏ ပထမအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ‘‘ဖေဖော်ဝါရီ ၂၇ ရက် မျှော် စင်ကျွန်းမှာလုပ်မှာဖြစ်ပြီး ပထမဆုံး One Lady Show ဆိုတော့ ရင်ခုန်ပါတယ်’’ဟု စန္ဒီမြင့်လွင်က ပြော ကြားခဲ့ပါတယ် ။ သီချင်းအပုဒ် ၃၀ ခန့်သီဆိုရန် ပြင်ဆင်ထားပြီး ‘‘ဒီးဒီဟိုးအရင်ကတည်းက Underground မှာ ပေါက်ခဲ့တဲ့ ဟာတွေရော၊ ငါ့သမီးလေးတော် လိုက်တာကစလို့ Queen အထိ ဆိုခဲ့သမျှ သီချင်းတွေအကုန်လုံးထဲ က ဆိုသွားမှာပါ’’ဟု ပြောကြားခဲ့ပါတယ် ။
Fea-turing အနေဖြင့် အောင်ကိုလတ်၊ ရန်ရန်ချင်း၊ ဟဲလေး၊ ဂျေမီ၊ အား တီ၊ ကျော်ထွဋ်ဆွေ၊ Snare ၊ ဖြူဖြူကျော်သိန်း၊ သီရိဆွေ၊ အိမ့် ချစ်၊ ဂျဲန်နီ၊ Bobby Soxer တို့ ပါ ၀င်သီဆိုသွားမှာဖြစ်ပြီး ဒီဇင်ဘာက ထွက်ရှိထားသော စတုတ္ထတစ်ကိုယ်တော်အ ခွေ Queen မှ ပရိသတ်အပြော များနေသည့် နှိုက်မှာပဲ သီချင်းနှင့် ပတ်သက်၍ စန္ဒီမြင့်လွင်က ‘‘ပရိသတ်ကြိုက်တယ်ဆိုတဲ့အတွက် ၀မ်းသာပါတယ်။
ဒီးဒီတို့က ဘယ်သူ့ဘယ်သူကိုမှ ရည် ရွယ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ ကို ရည်ရွယ်ပြီးဆိုတဲ့ သီချင်းမ ဟုတ်ပါဘူး။ ခေတ်ပေါ်ဖြစ်နေတဲ့ အနေအထားကို တေးရေးဆရာ ကလည်း ဒီခေတ်မှာ ဖြစ်နေတဲ့အ ကြောင်းအရာလေးကို ရေးတယ်။ ဒီးဒီကလည်း ကိုယ်ဆိုချင်တဲ့ ပုံစံ လေးဆိုတယ်။ အဲဒါကို ပရိသတ် က လက်ခံသွားတာ’’ဟု ပြော ကြားခဲ့ပါသည်။