1. Home
  2. Good Morning Myanmar

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာအရပ်ဖက်အဖွဲ့အစည်းများနှင့် တွေဆုံ

Good Morning Myanmar ม.ค. 21, 2559 view 1,883

အနာဂတ် မြန်မာနိုင်ငံရဲ့ အမျိုးသားရေးလက္ခဏာ၊ လူမှုအသိုင်းအ၀ိုင်း ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာအသုံးပြုမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး “တွမ်မလင် နောစကီး”ဟာ မြန်မာအရပ် ဖက်အဖွဲ့အစည်းတွေ၊ နည်းပညာရှင်တွေ နဲ့ ရန်ကုန်မှာဇန်န၀ါရီလ(၁၉)ရက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။တိုင်းရင်းသားမျိုးနွယ်စုတွေများလွန်းတဲ့ နိုင်ငံတွေမှာ မတူညီတဲ့အတွေ့အကြုံ၊ နောက်ခံသမိုင်းကြောင်းတွေနဲ့ ယဉ်ကျေးမှုတွေရှိနေပြီး ဒီလိုနိုင်ငံတွေဟာ ဖန်တီးနိုင်စွမ်းအားမြင့်တယ်လို့ တွမ်မလင်နောစကီးက ပြောပါတယ်။အမျိုးသားရေးသရုပ်လက္ခဏာကိုလဲ လူမျိုးရေး၊ ဘာသာရေးနဲ့အခြေမခံဘဲ အတွေးအခေါ်ကိုအခြေခံပြီး လူတိုင်းကိုတူညီမျှဆက်ဆံဖို့ ရန်ကုန် ဖန်တီးရာရုံးခန်းမှာ ပြုလုပ်တဲ့တွေ့ဆုံပွဲမှာပြောခဲ့တာဖြစ်ပါတယ်။



Follow us on