Selfile မကြိုက်တဲ့ Sandra Bullock
လတ်တလောလှုပ်ရှားမှုများကို selfile များရိုက်၍ ပရိသတ် များအား အသိပေးနေသော ဟောလိဝုဒ်ကြယ်ပွင့်များကြားတွင် Sandra bullock သည် Selfile ရိုက်ခြင်းကို မုန်းတီးကြောင်း ဗြိတိန် The Times သတင်းနှင့် အင်တာဗျူးတွင်ပြော ကြားခဲ့ပါသည်။
‘‘ကျွန်မ Selfile ရိုက် တာကို မုန်းပါတယ်။ ကျွန်မအနေ နဲ့ ပြန်ဖျက်လို့မရမယ့် selfile မျိုး မရိုက်ဘူး။ အဲဒီ selfile ပုံကို အွန်လိုင်းမှာလည်း တင်မှာမဟုတ်ဘူး’’ ‘‘ကျွန်မတို့ အဲဒီ Selfile တွေနဲ့ ကျွန်မတို့ရဲ့ ဘဝတွေကို မှန်မှန်ကန်ကန် ဖော်ပြနေတာ မဟုတ်ဘူး။ ဥပမာပြောရရင် ရှင်က ရှင့်ကလေးကို အော်ပြောနေတဲ့အချိန် မှာ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ပုံကို Selfile ရိုက်မှာ မဟုတ်ပါဘူး။ တကယ်တော့ ရှင်တို့က ပြည်စုံကောင်းမွန်တဲ့ Selfile ကိုပဲ စောင့်နေကြတာပါ’’ဟု Sandra bullock က ပြောကြားခဲ့သည်။
Selfile ကို စွဲလမ်းမှုသည် လူများအတွက် ပြည့်စုံကောင်းမွန်ဟန် ပေါက်စေရေး လိုအပ်မှုကို အားပေးအားမြှောက်ပြုနေ သည်ဟု ခံစားရကြောင်း Sandra bullock က ထပ်ပြော ခဲ့သည်။ ကလေးနှစ်ယောက် မိခင် Bullock သည် လက်ရှိ တွင် Our Brand if Crisis ရုပ်ရှင် ဇာတ်ကား ပရိုမိုးရှင်းများဖြင့် အလုပ်များနေပါ သည်။