1. Home
  2. Myanmar News

မန္တလေး တံခွန်တိုင်၊ ယန္တရားရပ်ကွက်တွင် မီးလောင် မီးသတ် အရန်တစ်ဦး ဒဏ်ရာရ

Myanmar News ม.ค. 27, 2559 view 1,820

၂၆ရက်နေ့ ဇန်န၀ါရီလ မနက် ၁၀နာရီခွဲအချိန်တွင် မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်-ယန္တရားရပ်ကွက် အမှတ် ၃ လမ်းနှင့် ၂ လမ်းအကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ၄င်းရပ်ကွက်နေ ဒေါ်ခင်အုန်းမြင့်၏နေအိမ်Gasအိုးမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားနေအိမ်ခြောက်လုံးလည်း မီးလောင်ကျွမ်းခံခဲ့ရပါတယ်။

''ပေါက်ကွဲတဲ့ အသံကြားလိုက်တယ်။ ခဏအကြာမှာ မီးလောင်တာ သိပြီး မီးသတ်ဖုန်းနံပါတ်မသိတော့ သူများတွေကို ဖုန်းဆက်ခိုင်းတယ်'' ဟု ၄င်းရပ်ကွက်တွင်နေထိုင်သူ တစ်ဦးကပြောသည်။

အဆိုပါရပ်ကွက်များတွင် ရေနံချေးသုတ်ထားသည့် ထရံကာအိမ်များ အများဆုံးရှိရာ မီးလောင်ရန်လွယ်ကူကြောင်း၊ မိနစ်ပိုင်းအတွင်အခြားအိမ်များသို့မီးကူးသွားသော်လည်း မီးစလောင်ပြီး နာရီဝက်အတွင်းတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း နှင့် ၄င်းမီးလောင်မှုဖြစ်စဉ်အတွက် (ပ)၄၁/ ၂ဝ၁၆၊ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားကြောင်း သိရသည်။

မီးသတ်ကားများ သွားရောက်ရာတွင် အရေးပေါ်ဖြစ်သောကြောင့် မီးကိုသာအာရုံစိုက်နေရာ ရပ်ကွက်အ၀င်တွင် သွယ်တန်းထားသည့်ဝါယာကြိုးကို မမြင်လိုက်မိသဖြင့် ၀ါယာကြိုးနှင့် ထိခိုက်မိပြီး မီးသတ်ယာဉ်ပေါ်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ပြုတ်ကျခဲ့ပါတယ်။ ဒဏ်ရာရရှိသွားသော မီးသတ်တပ်ဖွဲ့ဝင်ကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးကုသမှုခံယူနေကြောင်း တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်မှ သိရပါတယ်။



Follow us on