1. Home
  2. Movie Stars - Celebrity

စစ်မှုထမ်းတော့ မယ့် Lee seung Gi

Movie Stars - Celebrity ม.ค. 28, 2559 view 1,616

စစ်မှုထမ်းတော့ မယ့် Lee seung Gi

                              အသက် (၂၉)နှစ်အရွယ် သရုပ်ဆောင်အဆိုတော် lee seung Gi ဟာ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်မှုထမ်းတာဝန်စတင် မည်ဟု ၎င်း၏ အေဂျင်စီ Hook Entertainment က ဇန်နဝါရီ ၂၁ ရက်တွင်ပြောကြားခဲ့ပါသည်။ စစ်မှုထမ်းရန် အကြောင်း ကြားစာရရှိပြီးနောက် lee seung gi က ‘‘ကျွန်တော် ဒီနှစ်တွေမှာ ရရှိခဲ့တဲ့ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေကို ကျေးဇူးတုံ့ပြန်ဖို့ ပြန်လာခဲ့ပါမယ်’’ဟု ပြောကြား ခဲ့ပါသည်။

                               ‘‘ကျွန်တော် စစ်ထဲဝင်ပါတော့မယ်’’ဟူသော ခေါင်းစဉ်ရှိ သီချင်း ကို ဇန်နဝါရီ ၂၁ ရက်နေ့လယ်တွင် ထွက်ရှိခဲ့ သည်။ ‘‘ဘယ်အချိန် စစ်မှုထမ်းမယ် ဆိုတာ မသိရခင်ကတည်းက စစ်မှုထမ်းဖို့အတွက် ကျွန်တော် ကြိုတင်ပြင်ဆင် နေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ လူတိုင်းနဲ့ မတွေ့နိုင်တဲ့အတွက်ကြောင့် ဒီ သီချင်းလေးနဲ့ တောင်းပန်စကား ဆိုလိုက်ပါတယ်။

                              ဒီသီချင်းဟာ ကျွန်တော့် ဇာတ်လမ်းဖြစ်ပါတယ်။ဒါပေမဲ့ မကြာခင်မှာ စစ်ထဲဝင်ဖို့ပြင်ဆင်နေတဲ့ သူတိုင်းနဲ့ သက်ဆိုင်မယ်မျှော်လင့်ပါတယ်’’ဟု lee Seung gi က ပြောကြားခဲ့ပါတယ်။



Follow us on