1. Home
  2. Myanmar News

မြေစာပုံ မကြာခဏ ပြိုမှုကြောင့် နောက်ဆုံး ကုမ္ပဏီနှစ်ခုကို လုပ်ပိုင်ခွင့် ယာယီရပ်ဆိုင်း

Myanmar News ม.ค. 28, 2559 view 2,194

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က အမတ်လင်းချောင်းကျေးရွာအုပ်စုထဲက မြေစာပုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီမြေစာပုံ ပြိုကျတဲ့အထဲမှာ ပါသွားလို့ လူ ၄၀ လောက် ပျောက်ဆုံးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသေအပျောက်စာရင်းတွေနဲ့ ပတ်သက်ပြီး လုံးခင်းနယ်မြေရဲစခန်းကတော့ အတည်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။ အခင်းဖြစ်ပွားတဲ့ နေရာမှာ လုပ်နေတဲ့ ကုမ္ပဏီနှစ်ခုကို လုပ်ပိုင်ခွင့် ယာယီရပ်ဆိုင်း လိုက်ကြောင်းသိရပါတယ်။

ရပ်ဆိုင်းခံလိုက်ရတဲ့  ကုမ္ပဏီနှစ်ခုက တော့ ရတနာရောင်ခြည် ကျောက်မျက် ကုမ္ပဏီနဲ့  မြစ်ဆုံဧရာ ကျောက်မျက် ကုမ္ပဏီ နှစ်ခုတို့ ဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ကန်ခမ် စုပေါင်း စွန့်ပစ်မြေစာ ပုံပြိုကျလို့ လူ ၁၁၄ ယောက် သေဆုံးခဲ့ပါတယ်။



Follow us on