1. Home
  2. Myanmar News

ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံ ဖြန့်ဝေသူ ထောင်ဒဏ် တစ်နှစ်ချမှတ်

Myanmar News ม.ค. 29, 2559 view 2,460

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) တို့နဲ့ မရမ်းကုန်းမြို့နယ် တရားရုံးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်နဲ့ နင်းထားတဲ့ပုံ ဖြန့်ဝေသူ ထောင်ဒဏ် တစ်နှစ်ချမှတ် လိုက်ပါတယ်။

ထောင်ဒဏ်ချခံရသူ ဦးဇော်မျိုးညွှန့် ကို ဆက်သွယ်ရေးပုဒ်မအတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မအတွက် ထောင်ဒဏ် ၆ လ စုစုပေါင်း တစ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပုံကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ဝ ရက်နေ့က ဖေ့စ်ဘွတ်မှာ တင်ခဲ့တဲ့အတွက် ဦးဇော်မျိုးညွန့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ် တိုင်ကြားတာဖြစ်ပြီး အောက်တိုဘာလက ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုပြုပြင်ပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့တာကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်က ချစ်သမီးခေါ် ချောစန္ဒီထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်က ဦးပက်ထရစ်ခွန်ဂျာလီတို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ( ဃ) နဲ့ သက်ဆိုင်ရာတရားရုံးတွေက ထောင်ဒဏ် ၆ လ စီ အမိန့်ချမှတ်ခဲ့ပါတယ်။

Reference: RFA



Follow us on