1. Home
  2. Movie Stars - Celebrity

ကိုရီးယားဝမ်သန်း ၉၃၀ လှူဒါန်းခဲ့ တဲ့ Moon Geun Young

Movie Stars - Celebrity ม.ค. 29, 2559 view 1,625

Moon Geun Young သည် ပြီးခဲ့သည့် (၁၃) နှစ်အတွင်း အကူအညီ လိုအပ်နေသူများ အား ကိုရီးယားဝမ်သန်း ၉၃၀ (ကန်ဒေါ်လာ ၇၇၆,၀၀၀)ခန့် တိတ်တဆိတ် လှူဒါန်းခဲ့သည်။ Moon Geun Young ၏အမည် သည် Community Chest ofKorea အဖွဲ့၏ တရားဝင်စာမျက် နှာ၌ Honor Society အဖွဲ့ဝင်တစ်ဦးအဖြစ် ဖော်ပြခံရပြီး Honor Society အဖွဲ့သည် ငွေ ကြေးအမြောက်အမြား လှူဒါန်း သော အလှူရှင်တစ်ထောင်ကျော် ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ် ပြီး လူ့အသိုင်းအဝိုင်းတွင် လေး စားခံရသော အဖွဲ့ဖြစ်သည်။

 ယင်းအဖွဲ့ဝင်စာရင်းတွင် အန်းဂျယ်ဝု၊ ပတ်ဟယ်ဂျင်း၊ ကင်ဘိုဆန်း၊ Girls' Generation အဖွဲ့ဝင် ယွန်အာ၊ miss A အဖွဲ့ ဝင် ဆူဇီ၊ ဘောလုံးသမား ပတ်ဂျီ ဆန်တို့လည်း ပါဝင်သည်။ Moon Geun Young သည် ၂၀၀၃ မှစ၍ ကင်ဆာရောဂါဖြစ်ပွားနေ သော ကလေးငယ်များနှင့် ရှားပါး ရောဂါ ဖြစ်ပွားနေသည့် လူနာ များအတွက် ခွဲစိတ်ကုသစရိတ် များကို အကူအညီပေးခဲ့သည်။

Moon Geun Young သည် Community Chest of Korea မှတစ်ဆင့် စုစု ပေါင်း ကိုရီးယားဝမ် သန်း ၉၃၀ ကျော် လှူဒါန်းခဲ့ပြီး လှူဒါန်းမှု များကို လူသိရှင်ကြား မဖြစ်စေ လိုသောကြောင့် တိတ်တဆိတ် သာ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု အေဂျင်စီက ပြောကြားခဲ့ပါ သည်။



Follow us on