1. Home
  2. Movie Stars - Celebrity

အော်စကာ ဆုပေးပွဲကို တက်ဖို့ ဖိတ်ကြား ခံရတဲ့ ပထမဆုံး ကိုရီးယား သရုပ်ဆောင် Lee Byung Hoon

Movie Stars - Celebrity ม.ค. 29, 2559 view 1,658

Lee Byung Hoon သည် (၈၈) ကြိမ်မြောက် အော် စကာဆုပေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြား ခံရကြောင်းနှင့် ၎င်း သည် ယင်းဆု ပေးပွဲသို့ တက် ရောက်ရန် ဖိတ်ကြား ခံရသည့် ပထမဆုံး ကိုရီးယား သရုပ်ဆောင် ဖြစ်ကြောင်း‘‘ Lee Byung Hoon ဟာ အော် စကာဆု ဆန်ခါတင် စာရင်းဝင်တဲ့ သူတစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အော်စကာ ဆုပေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြား ခံရတာ ဟာ ဂုဏ်ယူ စရာတစ်ခုဖြစ်ပါ တယ်’’ဟု Lee byung hoon ၏ အေဂျင်စီ BH Entertainment က ဇန်နဝါရီ ၂၃ ရက်တွင် ပြော ကြားခဲ့ပါ သည်။

Lee byung hoon သည် G.I. Joe, RED နှင့် The Terminator ကဲ့သို့သော ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားများတွင် ပါဝင်သရုပ် ဆောင်၍ ဟောလိဝုဒ် လောက၌ နာမည်တစ်ခု ရရှိထားသူလဲ ဖြစ် ပါသည်။

Youth ရုပ်ရှင်ဇာတ်ကား အတွက် တောင်ကိုရီးယားအဆို တော် ဂျိုဆူမင်း သီဆိုထားသော Simple Song#3 သီချင်းသည် (၈၈)ကြိမ်မြောက် အော်စကာဆု ဆန်ခါတင်စာရင်း၌ အကောင်း ဆုံး မူရင်းသီချင်းဆုအတွက် အမည်တင်သွင်း ခံထားရ၍ ဂျိုဆူ မင်းသည်လည်း အော်စကာဆု ပေးပွဲသို့ တက်ရောက်မည်ဖြစ် သည်။ (၈၈)ကြိမ်မြောက် အော် စကာဆုပေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန် နိုင်ငံ လော့စ်အန်ဂျလိစ်မြို့၌ ကျင်းပပြု လုပ်မည်ဖြစ်ပါ သည်။
 



Follow us on