1. Home
  2. Special or Others

ကြက်သွန်နီကြောင့် မျက်ရည် ကျခြင်းကို ကာကွယ် နိုင်မဲ့ နည်းလမ်း ၅မျိုး

Special or Others ม.ค. 29, 2559 view 1,911

ကြက်သွန်နီ အခွံခွာချိန် (သို့) လှီးချိန်မှာ မျက်ရည် ကျခြင်းကို အားလုံးပဲကြုံဖူးကြမှာပါ။ အဲ့လို မျက်ရည်ကျခြင်းကို ကာကွယ်လိုတယ်ဆိုရင်တော့ ပထမဆုံး ကြက်သွန်နီနဲ့ပတ်သတ်တဲ့ အကြောင်းတွေကို သိထားသင့်ပါတယ်။ ကဲ.. ကြက်သွန်နီက ဘာဖြစ်လို့ ဟင်းချက်သူတိုင်းကို ငိုအောင်လုပ်နိုင်လဲဆိုတာ ကြည့်လိုက်ကြရအောင်…။

ကြက်သွန်နီရဲ့ဖြစ်စဉ်
ကြက်သွန်နီက နီညိုရောင်အခွံရှိပြီး အတွင်းပိုင်းမှာ စားလို့ရတဲ့၊ အရည်ရွှမ်းတဲ့အလွှာလေးတွေပါဝင်ပြီး အောက်ပိုင်းမှာ Basal Plate လို့ခေါ်တဲ့ အမြစ်လေးတွေနဲ့ဖွဲ့စည်းထားပါတယ်။ ထိုအမြစ်လေးတွေကို ဖြတ်လိုက်တဲ့အခါ ကြက်သွန်နီတစ်ခုလုံးမှ အင်းဇိုင်း( Enzyme) ထွက်လာပါတယ်။ အင်ဇိုင်းအငွေ့ဟာ ရေနဲ့ပေါင်းစပ်လိုက်တဲ့အခါ အက်စစ် အသွင်ပြောင်းသွားပါတယ်။ လူ့မျက်လုံးမှာ ရေရှိနေတဲ့အတွက် အင်ဇိုင်း အငွေ့က မျက်လုံးကရေနဲ့ ပေါင်းစပ်ပြီး အက်စစ်အသွင်ပြောင်းကာ မျက်လုံးအတွင်းပိုင်းမှာ ပူလာကာ မျက်ရည်များကို ကျဆင်းစေတာဖြစ်ပါတယ်။

အရသာရှိတဲ့ ကြက်သွန်နီကို ကြိုက်ကြပေမဲ့လည်း ဘယ်သူမှကြက်သွန်နီခွာလို့/လှီးလို့ မျက်ရည်မကျ ချင်ပါဘူး… မျက်ရည်မကျပဲ ကြက်သွန်နီလှီးနိုင်တဲ့ နည်းလမ်းလေးတွေကို ဆက်ကြည့်လိုက်ရအောင်.. ။

(၁) ချွန်ထက်သောဓားကိုအသုံးပြုပါ။
သင့် မီးဖိုချောင်မှာ ဓားအတုံးတွေပဲရှိတယ်ဆိုရင်တော့ အခုချိန်က ဓားအသစ်ဝယ်ဖို့ အသင့်တော်ဆုံးအချိန်ပါပဲ။ ဓားအတုံးတွေနဲ့ ကြက်သွန်လှီးမယ်ဆိုရင် ကြက်သွန်ထဲက ဆဲလ်တွေက ကျိုးကြေ ကုန်ပြီး အင်ဇိုင်းအများအပြားထွက်လာစေပါတယ်။ ဓားထက်ထက်ကိုသုံးမယ်ဆိုရင်တော့ ဆဲလ်အနည်းငယ်သာ ကျိုးကြေပြီး အင်ဇိုင်းအနည်းငယ်သာထွက်တဲ့အတွက် မျက်ရည်ကျခြင်းကို ကာကွယ်ပေးနိုင်မှာပါ။

(၂) ကြက်သွန်နီကို အအေးခံပါ။
ကြက်သွန်နီကိုမလှီးခင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ် (သို့) ၁၅မိနစ်ခန့် အအေးခံထားပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အင်ဇိုင်းထွက်ရှိမှုကို လျော့နည်းစေပါတယ်။ အအေးခံလိုက်လို့ ကြက်သွန်နီရဲ့အရသာတော့မပြောင်းလဲသွားပါဘူး။ သို့သော် ရေခဲသေတ္တာထဲမှာ အကြာကြီးမထားမိဖို့တော့ သတိပြုပါ။ အချိန်အကြာကြီးထားမိပါက ရေခဲသေတ္တာတစ်ခုလုံး ကြက်သွန်နံ့တွေမွှန်နေမှာဖြစ်ပါတယ်။

(၃) ကြက်သွန်နီကို ရေစိမ်ထားပြီးလှီးပါ။
ရေအောက်မှာကြက်သွန်လှီးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သို့သော်လည်း အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ပြီးပါက အဆင်ပြေသွားပါလိမ့်မယ်။ အင်ဇိုင်းက ရေနဲ့တွေ့ရင် အက်စစ်ထွက်တယ်ဆိုတာ သိပြီးဖြစ်တဲ့အတိုင်း ထိုဓာတ်ငွေ့က ရေထဲမှာပဲ အက်စစ်အသွင်ပြောင်းသွားမှာဖြစ်ပြီး မျက်စိထဲကိုဝင်ရောက် တော့မှာ မဟုတ်ပါဘူး။

(၄) ရေနွေးငွေ့အနည်းငယ်ရှိတဲ့နေရာမှာ ကြက်သွန်လှီးပါ။
ရေနွေးပူပူတစ်ခွက်ကို ကြက်သွန်လှီးတဲ့အနားမှာ ချထားပါ။ ရေနွေးကထွက်တဲ့ အငွေ့မှာပါဝင်တဲ့ ရေဓာတ်က ကြက်သွန်ကထွက်တဲ့ အင်ဇိုင်းဓာတ်ကို ဆွဲဆောင်ထားမှာဖြစ်လို့ သင့်မျက်လုံးထဲကို အင်ဇိုင်းအငွေ့တွေ ရောက်လာတော့မှာမဟုတ်ပါဘူး။

(၅) လျှာထုတ်ထားပြီး နှာခေါင်းမှတစ်ဆင့် အသက်ရှုပါ။
ရယ်စရာတော့ကောင်းနေမယ်။ ဒါပေမဲ့လည်း ကြက်သွန်လှီးရင်း မျက်ရည်တွေ ကျပြီး နှာစေးသလို ခံစားနေရတာ ထက်စာရင် ဒီနည်းလမ်းကသာပါတယ်။ ဒီနည်းလမ်းက ဘာလို့အသုံးဝင်လဲဆိုတော့ မျက်ရည်ထုတ်ပေးတဲ့ နေရာနားမှာ ရှိတဲ့ Olfactory nerves ကို အလေးပေးလိုက်သလိုဖြစ်သွားလို့ မျက်ရည်မထွက်တော့တာဖြစ်ပါတယ်။



Follow us on