ဇန်န၀ါရီလ ၂၅ ရက်ကတည်းကစတင်ပြီး အမေရိကန်တိုက်လေယာဉ်တွေနဲ့ ရေဒါ ဖမ်းရခက်တဲ့တိုက်လေယာဉ် အစင်းရေ ၂၀ ကျော် ဂျပနိုင်ငံတောင်ပိုင်း၊ အိုကီနာဝါ စီရင်စုနယ်က အမေရိကန်လေတပ်စခန်းဖြစ်တဲ့ ခါဒဲနာလေတပ်အခြေစိုက်စခန်းကို ရောက်ရှိနေပါတယ်။
အမေရိကန်လေတပ် အရာရှိတွေကတော့ လေယာဉ် အစင်း ၂၀ ကျော်ဟာ ခါဒဲနာလေတပ်စခန်းမှာနောက်လမတိုင်ခင်အထိ ရှိနေဦးမှာလို့ပြောပါတယ်။ လေတပ်စခန်းအနီးနားက မြို့သုံးမြို့ဟာ လေယာဉ်ပျံသန်းတဲ့ လမ်းကြောင်းတွေနဲ့ ဆူညံမှုတွေကို စစ်တမ်းကောက်ယူတော့မယ်လို့လည်းသိရပါတယ်။