1. Home
  2. Good Morning Myanmar

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး ဘဘောတူ စာချွန်လွှာလက်မှတ်ရေးထိုး

Good Morning Myanmar ก.พ. 01, 2559 view 1,481

              မြန်မာနိုင်ငံရဲ့ မြို့ပြလေကြောင်းဆိုင်ရာ အဓိအက၀င်ပေါက်ဖြစ်လာမယ့် ဟံသာသတီအ ပြည်ပြည်ဆိုင်ရာလဆိပ်ကို ဂျပန်နိုင်ငံက Yongname – CAPE – JGC Consortium ကတာဝန်ယူတည်ဆောက်သွားဖို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနနဲ့ မူဘောင်သဘောတူ စာချွန်လွှာ ရေးထိုးလိုက်ပါတယ်။

               ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး သဘောတူစာချွန်လွှာကို ဇန်န၀ါရီလ ၃၀ ရက်နေ့က ချက်ထရီယမ်ဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဟံသာဝတီ အပြည်ပြည်ဆိုင် ရာလေဆိပ်တည်ဆောက်ဖို့အတွက် ၂၀၀၀ ပြည့်နှစ်မှာ ပြည်ပကုမ္ပဏီတစ်ခုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိလို့ ၂၀၀၁ ခုနှစ်မှာ စီမံကိန်းကိုရပ်ဆိုင်းသွားခဲ့ပါတယ်။၂၀၁၂ ခုနှစ်ကစတင် တင်ဒါခေါ်ယူခဲ့ချိန်မှာတော့ ဂျပန်နိုင်ငံက ကုမ္ပဏီ ၃ ခုပူးပေါင်းတဲ့အဖွဲ့က တင်ဒါအောင်မြင်ခဲ့တာကြောင့် မူဘောင် သဘောတူ စာချွန်လွှာကိုချုပ်ဆိုခဲ့ပါတယ်။

                 စီမံကိန်းအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါးရှိမှာဖြစ်ပြီး မြန်မာဖက်က ၄၉ ရာခိုင်နှုန်းထည့်ဝင်မှာပါ။ဒီ ၄၉ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၇၀၆ သန်းကိုတော့ ဂျပန်နိုင်ငံက ချေးယူနိုင်ဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ကျန်ရှိတဲ့ ၅၁ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၇၃၉ သန်းကိုတော့ ဂျပန်လုပ်ငန်းဖက်ကရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။



Follow us on