1. Home
  2. Movie Stars - Celebrity

ကျောင်းပိတ်လို့ မြန်မာနိုင်ငံကို တစ်လအလည်ပြန်လာတဲ့ မြူလင်းကိုကို

Movie Stars - Celebrity ก.พ. 02, 2559 view 1,839

 လင်းဇာနည်ဇော်ရဲ့သမီးဖြစ်သူ မြူလင်းကိုကိုက သြစတြေးလျ နိုင်ငံမှာ ရှိတဲ့ UTS: Insearch ကျောင်းမှာ Foundation ဘာသာရပ် ကို ခြောက်လကြာ သွားရောက် ပညာသင်ယူခဲ့ပြီး ယခုအခါမှာတော့ မြန်မာနိုင်ငံသို့တစ်လကြာ အလည်ရောက်ရှိ နေပါတယ်။ အဲဒီကျောင်းမှာပဲ Bachelor of Business ဘာသာရပ်ကို သင်ယူဖို့အတွက် သြစတြေးလျနိုင်ငံကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မှာတော့ ပြန်လည်သွားရောက်မှာဖြစ်ကြောင်း သိရပါတယ်။ ကျောင်းအတွေ့အကြုံ၊ အခက်အခဲများနဲ့ပတ်သက်ပြီး မြူလင်း ကိုကို က “ကွာတာေ တာ့ တအားကွာတယ်။

စကားပြောတာဆို တာက အစ၊ ဒီမှာက ဝတ်တာစားတာကအစ အစအဆုံးကြည့်တယ်။ ဟိုမှာက အေးဆေးပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင် လည်း ပွင့်ပွင့်လင်းလင်းပြောကြတယ်။ အခက်အခဲ နည်းနည်း တော့ရှိတယ်။ ကိုယ့်အိမ်မှာဆိုရင်ဘာမှမလုပ်ရဘူး။ ဟိုရောက် တော့ ကိုယ့်ဘာသာ ကိုယ်အကုန်လုံးလုပ်ရတယ်။ အဲဒါလေး ပါပဲ” လို့ ပြောပါတယ်။

 မြူလင်းကိုကိုက အခုလက်ရှိမှာတော့ ပညာရေး ဘက်ကိုပဲ ဦးစားပေးဖြစ်နေကြောင်း၊ မိခင်ဖြစ်သူ လင်းဇာနည်ဇော်ရဲ့ အနုပညာအလုပ် အပေါ်မှာလည်း အချိန်ရရင်ရသလို လေ့လာသင်ယူဖြစ်ကြောင်း ပြောပါ တယ်။ မိခင်ဖြစ်သူရဲ့Fashion ဆိုင်အတွက်လည်း ကိုယ် တိုင် သြစတြေးလျနိုင်ငံရှိ အင်္ကျီ၊ အိတ် အစရှိတဲ့ပစ္စည်း များကို ဝယ်ယူပို့ပေးဖြစ်ကြောင်း၊ ဆိုင်နဲ့ပတ်သက်တဲ့ အကြံဥာဏ်တွေလည်းပေးဖြစ်ကြောင်း မြူလင်းကိုကိုက ပြောပါတယ်။

Credit; ပေါ်ပြူလာ ဂျာနယ်



Follow us on