1. Home
  2. Myanmar News

ရန်ကုန်တက္ကသိုလ်တွင် လူမှုဗေဒဘာသာရပ်အသစ် သင်ကြားမည်

Myanmar News ก.พ. 03, 2559 view 1,637

၎င်းလူမှုဗေဒဘာသာရပ်အသစ်ကို ဘာသာရပ်တစ်ခုအနေဖြင့် ဘီအေဘွဲ့ပေးအပ်ကာသင်ကြားပေးနိုင်ရန် အမေရိကန်နိုင်ငံနှင့် ဟန်ဂေရီနိုင်ငံမှပညာရှင်များ ပါဝင်သည့်အဖွဲ့များက အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ဆရာ၊ဆရာမများကိုလည်းပြည်ပတက္ကသိုလ်များသို့ သင်တန်းများစေလွှတ်ပေးလျက်ရှိကြောင်း မနုဿဗေဒဌာနမှ ပါမောက္ခဌာနမှူးက ပြောသည်။

''ဒီဘာသာရပ်အသစ်ကို တိုးချဲ့သင်ကြားနိုင်ဖို့ Resource person တွေ အရင်ဆုံးရှာဖွေသွားမယ်၊ မွေးမြူသွားမယ်။ ရန်ကုန်တက္ကသိုလ်မှာ လူမှုဗေဒဘာသာရပ်အသစ်ဖွင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်က ပညာရှင်သုံးဦးနဲ့ ဟန်ဂေရီကဆရာတွေရောက်လာကြတယ်။ ဘာသာရပ်အသစ်နဲ့ပတ်သက်တဲ့သင်ရိုးညွှန်းတမ်းတွေလည်း ဆွေးနွေးကြ တယ်။အဲဒီမှာ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို writing & thinking တွေကိုအင်္ဂလိပ်လိုတွေးပြီး ဘယ်လိုရေးမလဲဆိုတဲ့ သင်တန်းတွေ အရင်လာ ရောက်ပို့ချပေးတယ်။

အဲဒါဆရာမတို့မနုဿဗေဒဌာနနဲ့ နိုင်ငံတကာဆက်ဆံရေးပညာဌာန နှစ်ခုပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲသုံးပတ်ကြာသင်တန်းပြုလုပ်ခဲ့တာပါ။ သင်တန်းတက်ရောက်တဲ့ဆရာ၊ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို အောင်လက်မှတ်ပါ ချီးမြှင့်ခဲ့ပါတယ်။နောက်ပြီး ဌာနကဆရာတွေနဲ့ သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်'' ဟု ရန်ကုန်တက္ကသိုလ်၊မနုဿဗေဒဌာနမှပါမောက္ခဌာနမှူး ဒေါက်တာမြမြခင် က ပြောသည်။

Credit ; The Myanmar Times



Follow us on