1. Home
  2. Myanmar News

လူတန်းစားပေါင်းစုံ ကျင်လည် နေကြတဲ့ နေပြည်တော်ရဲ့ မီးဖိုချောင်ဈေး

Myanmar News ก.พ. 03, 2559 view 1,677

ဒေသခံတွေကတော့ အဲဒီဈေးကြီးကို ကင်ပွန်းတန်းဈေးကြီးလို့ ခေါ်ကြတယ်။ အရှေ့ ဈေးလို့လည်း ပြောကြတယ်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီကအဲဒီဈေးကြီးကို အာဟာရသုခဈေးကြီးတဲ့။ အဲဒီ ဈေးကြီးကို ထူထောင်စ ၂ဝဝ၈ ခုနှစ်လောက်မှာ ဒေသခံတွေ အလွန်အင်မတန် စိတ်ညစ်ခဲ့ကြတယ်။

အောင်မြင်မှာ မဟုတ်ဘူးလို့လည်း သုံးသပ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မူလက ကျင်လည်နေကြတဲ့ နေရာကနေ မြို့အပြင်ဘက်ကို ပြောင်းလိုက်တဲ့နေရာအသစ်ဖြစ်နေလို့ပဲ။ ဒါပေမဲ့ အခုအချိန်မှာ အမည်နာမ အမျိုးမျိုးနဲ့ ကျော်ကြား လာတဲ့ အာဟာရသုခဈေးကြီးကနေပြည်တော်မှာ နေထိုင် ကြတဲ့ ပြည်သူလူထုတွေရဲ့ ထမင်းအိုး၊ ဟင်းအိုး တို့ကိုဖြည့်ဆည်းပေးရာ အကြီးဆုံး မီးဖိုချောင်သုံးပင်ရင်းဈေးကြီး တစ်ခု ဖြစ်လာခဲ့ပြီဆိုတာတော့ ငြင်းလို့ မရတော့ပါ။ ပင်ရင်းဈေးကြီးဆိုတာဒိုင်ဈေးကို ပြောတာပါ။

ဒေသတွင်းနဲ့အနယ်နယ်အရပ်ရပ်ကလာတဲ့သားတွေ၊ ငါးတွေ၊ သစ်သီးဝလံတွေ၊ ပန်းမန်တွေ၊ ငါးခြောက်၊ငါးခြမ်းတွေ၊ စတဲ့ ကုန်တွေကိုဒိုင်ဈေးနဲ့ လက်လီ၊ လက်ကားဝယ်လို့ရတဲ့ဈေး။အာဟာရသုခဈေးကို တစ်ရက်လောက်သွားပြီး စိတ်လွတ်လက်လွတ် အေးအေးဆေးဆေး လှည့်ပတ်ကြည့်ရှု့ခဲ့မယ်ဆိုရင်။ အဲဒီဈေးထဲမှာ ကျင်လည်လှုပ်ရှားနေတဲ့ လူတွေရဲ့ သဘာဝကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာကြည့်မယ်ဆိုရင် တကယ့်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ နေ့စဉ်နေ့တိုင်း အဓိက ကျင်လည်နေကြသူတွေက ဈေးသည်တွေနဲ့ ဈေးဝယ်တွေပဲ။

Credit: The Myanmar Times



Follow us on