1. Home
  2. Movie Stars - Celebrity

We Love Chit Thu Wai အဖွဲ့ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် အလှူ

Movie Stars - Celebrity ก.พ. 03, 2559 view 1,862

We love Chit Thu Wai အဖွဲ့ရဲ့ တစ်နှစ်ပြည့် အထိမ်း အမှတ်အဖြစ် We Love Chit Thu Wai အဖွဲ့သားများနဲ့ အတူ ချစ်သုဝေကိုယ်တိုင် Pearl Heart Animal Shelter မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

“ထရီဇာရဲ့ ပရိတ်သတ်တွေဖြစ်တဲ့ We Love Chit Thu Wai အဖွဲ့က ပရိတ်သတ်တွေက ဒီအဖွဲ့လေးတည်ထောင်တာ တစ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ Pearl Heart မှာ လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။ ထရီဇာကလည်း တိရိစ္ဆာန်လေးတွေကိုချစ်တော့ တစ်ခါတည်း လိုက်ခဲ့မယ်ဆိုပြီး လိုက်သွားဖြစ်တာ။ ဟိုမှာခွေးလေးတွေ အကောင် ၁၀၀ကျော်လောက်ကို စနစ်တကျလေး ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်။ အရမ်းလည်း ချစ်စရာကောင်းတယ်။ သနားစရာလည်းကောင်းတယ် ဒါကြောင့် ထရီဇာက ခွေးလေးတွေအတွက် ငွေကျပ်နှစ်သိန်းနဲ့ ကူညီစောင့်ရှောက်ပေးနေတဲ့ သူတွေကို ငွေကျပ်တစ်သိန်းလှူဒါန်းပါတယ် We Love Chit Thu Wai အဖွဲ့ကတော့ သပ်သပ်လှူဒါန်းတာပေါ့နော်။ အလှူရှင်တွေရှိရင်ရင် ဆက်သွယ်ပြီးလှူဒါန်းစေချင်တယ်။ We Love Chit Thu Wai အဖွဲ့လေးအနေနဲ့ အခုလိုလေး တတ်နိုင်သလောက် လှူဒါန်းတဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်”ဟု သရုပ်ဆောင် ချစ်သုဝေ ကပြောပါတယ်။

Pearl Heart Animal Shelter ကိုဆက်သွယ်လှူဒါန်းလိုပါက - ၀၉-၅၄၀၁၅၁၇သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။



Follow us on