1. Home
  2. Myanmar News

ပိုးသတ်ဆေး အနံ့ ရသည့် ရေသန့်ကို သောက်မိ ရာက ဆရာမ နှစ်ဦး အဆိပ်သင့်မှု ဖြစ်ပွား

Myanmar News ก.พ. 04, 2559 view 1,708

ဖေဖေါ်ဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်ခန့်က တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက်(၃)မိုင်ခန့်အကွာ၊ ဂျေပူကျေးရွာအုပ်စု၊ ဆင်မော့တောအနောက်ရွာ အလယ်တန်း ကျောင်းခွဲတွင် ကျောင်းအုပ် ဆရာမတစ်ဦးနှင့် အလယ်တန်းပြ ဆရာမ တစ်ဦးတို့သည် ကျောင်းရုံးခန်း အတွင်းရှိ သောက်ရေသန့် ဗူးမှ ရေကိုသောက် ခဲ့ပြီးနောက် အဆိပ် သင့်မှုဖြစ်ပွားခဲ့၍ ဖြူးမြို့ဆေးရုံသို့တင်ပို့လိုက်ရကြောင်းသိရသည်။

ကျောင်းအုပ် ဆရာမ ဒေါ်ဆွေဆွေသက် (၃ဝ) နှစ်၊ ဆေးရုံ ရပ်ကွက် ၊ဖြူးမြို့နေသူနှင့် အလယ်တန်းပြ ဆရာမ ဒေါ်ပန်ပန်သက်ဝေ (၂၆) နှစ်၊ စက်တွင်းရပ်၊ မြို့မ(၄)ရပ် ကွက်နေသူတို့နှစ်ဦးသည် ကျောင်းရုံးခန်းအတွင်းရှိ ၂၄လီတာဆန့် Asia King တံဆိပ် ရေသန့်ဗူးအတွင်း မှရေအားသောက်ခဲ့ပြီးနောက် ရင်ထဲ၌ပူလောင်လာပြီး မူးဝေအော့အန့်ခဲ့ကြကြောင်း ယင်းနောက် ရေသန့် ဗူးအား အဖုံးဖွင့်၍နမ်းကြည့်ရာတွင် ပိုးသတ်ဆေးအနံ့ရကြောင်းသိရှိရ၍ ဖြူးမြို့ဆေးရုံသို့ပိုဆောင်ပေး ကာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသမှုခံယူလျက်ရှိပြီး ဖြစ်စဉ်အား ဇေယျဝတီနယ်မြေရဲစခန်းမှ စခန်း မှူး ရဲအုပ် ဇော်ဝေ နှင့်တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS



Follow us on