1. Home
  2. Special or Others

ဝိတ်ကျချင် သောသူများ အတွက် အသီး အရွက် တွေက ကူညီ ပေးနိုင်ကြောင်း

Special or Others ก.พ. 04, 2559 view 1,880

အသီးအရွက်တွေ စားသုံးတာဟာ အခုတော့ သာမန်သာ မဟုတ်တော့ပါဘူး။ သင့်အတွက် ကောင်းမွန်တဲ့ သော့ချက်တစ်ခု ဖြစ်လာပါပြီ။ ပန်းသီး၊ သစ်တော်သီး၊ အပြာရောင်ဘယ်ရီသီး၊ စတော်ဘယ်ရီသီးနဲ့ မုန်လာဥ တွေလိုမျိုးသီးနှံတွေဟာ သင့်ကိုဝိတ်ကျအောင်ကူညီပေးမှာပါ။

အမေရိကန်ပြည်ထောင်စု ဟားဗက်တက္ကသိုလ်နဲ့ အန်ဂလီယာတက္ကသိုလ်က သုတေသီတွေက အသီးအရွက်တွေမှာ လူတွေရဲ့ ကျန်းမာစေတဲ့ဝိတ်မှာရှိနေအောင် ထိန်းထားပေးတဲ့ Flavonoid တွေကြွယ်ဝစွာ ပါဝင်တာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ တစ်ရက်ကို အသီးအရွက် ၈၀ဂရမ်လောက် စားပေးရင်တောင်မှ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်တယ်လို့ သိရပါတယ်။

Flavonoid ဆိုတာကတော့ အမျိုးမျိုးသော စားသောက်ဖွယ်ရာတွေမှာ တွေ့နိုင်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး အသီးအရွက်တော်တော်များများနဲ့ လက်ဖက်ရည်၊ ချောကလက်၊ ဝိုင်တို့လို စားသောက် ဖွယ်ရာ တွေမှာလည်း တွေ့နိုင်ပါတယ်။ အဲ့ဒီဒြပ်မှာ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးတဲ့ Antioidant တွေ အများအပြားပါဝင်တာပါ။

လေ့လာချက်ကို ဗြိတိသျှဆေးဝါးဂျာနယ်မှာ ဖော်ပြခဲ့ပြီး အချက်အလက်တွေကို အသက်၂၄နှစ် ကျော် အမျိုးသား၊ အမျိုးသမီး ၁၂၄ ၀၈၆ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ သုတေသီတွေအနေနဲ့ လူတွေကိုအုပ်စုသုံးခုခွဲခဲ့ပြီး အသက်၃၆နှစ်အရွယ် အမျိုးသမီးတွေ၊ အသက် ၄၈နှစ်အရွယ် အမျိုးသမီးတွေနဲ့၊ အသက်၄၇ နှစ်အရွယ် အမျိုးသားတွေတို့ပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ Flavonoid ပမာဏ အနည်းငယ်လောက်စားရင်တောင် ကျန်းမာရေးအတွက် ဝိတ်ကျသွားစေတယ်လို့ ဆိုပါတယ်။


Credit Source: health.thithtoolwin.com
Ref: Independent
 



Follow us on