1. Home
  2. Myanmar News

ကရင် တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီး ကိုသာ အဓိက အသုံးပြုသော နေအိမ် ဆောက်လုပ်

Myanmar News ก.พ. 04, 2559 view 1,790

 မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၂၀ ရပ်ကွက် မြို့ကြီးရပ်၊ သဲပုံဆိပ် စစ်တောင်းမြစ်ကမ်းနားနေတွင် နေထိုင်သည့် ကရင်တိုင်းရင်းသား တစ်ဦးမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်လင့်ချက်ဖြင့် မြေကြီးကိုသာ အဓိကအသုံးပြု ဆောက်လုပ်သောအိမ်ဖြင့် နေထိုင်လျှက်ရှိပြီး မိခင်ဖြစ်သူ နေထိုင်ရန် လူနေအိမ် တစ်လုံးအား ထပ်မံဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

 "ကျွန်တော်တို့ လင်မယား လက်ရှိနေတဲ့ အိမ်ကလည်း ခြံထဲက မြေကြီးတူးပြီးမှ အဲဒီကရတဲ့ ရွှံ့မြေတွေနဲ့ ဆောက်တာပဲ၊ အဓိကကတော့ ငွေလည်းမကုန်တော့ဘူးပေါ့နော်၊ သစ်လည်း မခုတ်ရတော့ဘူး၊ ၀ါးလည်းမခုတ်ရတော့ဘူး၊ သစ်တောသစ်ပင်တွေလည်း မပြုန်းတီးတော့ဘူးပေါ့၊ ကျွန်တော်အခုလို ဆောက်တာလည်း ကျွန်တော့်အိမ်ထဲက မြေကြီးကို တူးပြီးတော့မှ အဲဒီမြေကြီးနဲ့ပဲ ပြန်ဆောက်တာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်၊ ပတ်ဝန်းကျင်လည်း မထိခိုက်ဘူး၊ မြေကြီးကို အသုံးပြုပြီးတော့မှ စပါးခွံရယ်၊ ကောက်ရိုးရယ် အဲဒါကိုပဲ အဓိကရောပြီး လုပ်တာပါ၊ အသုံးပြုတဲ့ ဟာတွေကလည်း လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာလည်း မရှိပါဘူး၊ ကျန်မာရေး အရလည်း ထိခိုက်မှု မရှိပါဘူး" ဟု ရွှံ့မြေကြီးဖြင့်အိမ် ဆောက်နေသူ ကိုစောခွားဖိုးက ပြောကြားသည်။

အဆိုပါ မြေကြီးဖြင့် ဖန်တီးဆောက်လုပ်သောအိမ်အား ကိုစောခွားဖိုး ၄၁ နှစ် (ဘ) ဦးစောဘီးဘီလူးမှ ဆောက်လုပ်ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ မနော်လဲစေနုနှင့်အတူ လက်ရှိနေထိုင်လျက်ရှိသော အိမ်မှာလည်း မြေကြီးဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။ ယခုဆောက်လုပ်နေသည့်အိမ်မှာ မိခင်ဖြစ်သူအား ပေးနေရန် ရည်ရွယ်ဆောက်လုပ်ခြင်း ဖြစ်ကြောင်း၊ မြေကြီးဖြင့် ဆောက်ထားသောအိမ်မှာ မိုးရေဒဏ်မှလွဲ၍ အခြားသဘာဝဘေး အန္တရာယ်များအား ပုံမှန်အိမ်များကဲ့သို့ ကာကွယ်မှု ပေးနိုင်ကြောင်း၊ နွေရာသီကာလတွင် အပူဒဏ် ကျရောက်ခြင်းမှ သက်သာစေကြောင်း ကိုစောခွားဖိုးမှ ပြောကြားသည်။

 Credit ; Eleven Media Group



Follow us on