1. Home
  2. Myanmar News

ဆိတ်အငှား ကျောင်းနေသည့် ၁၇ နှစ်အရွယ် မိန်းကလေးအား ၄င်း၏ပိုင်ရှင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့

Myanmar News ก.พ. 04, 2559 view 1,662

မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ် ၊ မကျီးကုန်းကျေးရွာ လယ်တောတဲတွင် နေထိုင်ကာ ဆိတ်အငှားကျောင်း နေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို အလုပ်ရှင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုကာ မြို့သစ်မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီ ၂ ရက်က အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သိရှိရသည်။

အဆိုပါ မိန်းကလေးသည် ၎င်းအား အဓမ္မပြုကျင့်သည်ဆိုသည့် ဦးမောင်နု၏ တဲတွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့်မှ စ၍ ဖခင်ဖြစ်သူ၊ မောင်ဖြစ်သူတို့နှင့် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ မိသားစုက ဒီတဲမှာပဲ မှီခိုနေရတာဆိုတော့ တိုင်လိုက်ရင် နေစရာမရှိမှာ စိုးရိမ်တာရယ်၊ အဖေသိမှာ စိုးတာရယ်ကြောင့် မတိုင်ဖြစ်ခဲ့တာပါ” ဟု အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက ပြောသည်။

အဆိုပါ မိန်းကလေးအား ၎င်း၏ အလုပ်ရှင်က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း တိုင်တန်းချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုင်တန်းချက်ကြောင့် မြို့သစ်မြို့မရဲစခန်းက စွပ်စွဲခံရသူ ဦးမောင်နု (၅၃) နှစ်အား (ပ)၆/၂၀၁၆၊ ပြစ်မှု ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies



Follow us on