
ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းဖြစ်သော တတ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန့် ဒုက္ခသည်စခန်းမှာ နေထိုင်သော ဒေါ်မနွယ် အသက် ၄၅နှစ်၏ သမီးလေး အသက် ၅နှစ်ကို ကိုတာဘော် အသက် ၂၈နှစ်က ညပိုင်းအချိန်မှာ မုဒိန်းကျင့် ခဲ့တဲ့ အတွက် မနက်ပိုင်းမှာ ၎င်းအသက် ၅နှစ်ကလေးမလေးက ဗိုက်အရမ်းအောင့်နေလို့ စစ်ဆေးမေးမြန်းကြည့်ရာမှာ မနေ့ညက ကိုတာဘော်ဆိုသူက သူမကိုအိမ်နောက်ဘေးသို့ ခေါ်ဆောင်သွားပြီး မုဒိန်းကျင့်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။
ထို့နောက် ကလေးမလေးမိခင်ဖြစ်သူဒေါ်မနွယ်က သက်ဆိုရာသို့သွားရောက်တိုက်ကြားကာ ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူးနှင့်တကွ ဖုတ်ဖရမြို့နယ်မှူးနှင့် ဖုတ်ဖရရဲစခန်းမှရဲတချို့တို့မှ ၀င်ရောက်ဖမ်းဆီး လိုက်ပါတယ်။ ကိုတာဘော် အခန်းမှာအိမ်နေတဲ့အချိန်မှာပဲ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အသက် ၁၃နှစ်အပြည့်သေးသောကလေးကို မုဒိန်းကျင့်မှုဖြင့် တရားဆွဲဆိုထားပါတယ်။
Credit ; thithtoolwin
comment