
"ပြေးဆွဲဖို့တော့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ကားမှာရတာက နိုင်ငံမတူ တဲ့အတွက်လောလောဆယ်မှာ ကား ၁၈ စီးနဲ့ လမ်းကြောင်း (၁) အဖြစ် ထောက်ကြန့်ကနေ ပြည်လမ်းအတိုင်း ဗိုလ်ချုပ်လမ်းကိုဖြတ် ပြီးတော့ ကမ္ဘာအေးဘုရားလမ်းကို ပြန်သွား မယ်" ဟု ဒေါက်တာမောင်အောင်က ပြောသည်။
အဆိုပါဘတ်စ်ကားလိုင်းစနစ်တွင် ယာဉ်ကြော၏ ညာဘက်အစွန်ဆုံး လမ်းကြောင်းမှ ဘတ်စ်ကားများပြေးဆွဲရန် သတ်မှတ်ထားပြီး လက်ရှိပြေးဆွဲနေသော ဘတ်စ်ကားများကို ထိခိုက်မှုမရှိစေရန် မှတ်တိုင်အသစ်များ တည်ဆောက်ထားသည်။
မှတ်တိုင်များတွင်လည်း ခရီးသည်များအလွယ်တကူစီးနင်းနိုင်စေရန်ဘတ်စ်ကားလမ်းကြောင်းများကို မြေပုံနှင့် ဖော်ပြ ထားမည်ဖြစ်ပြီးမြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားထားမည်ဖြစ်ကြောင်း
လည်း သိရသည်။
"မှတ်တိုင်တွေမှာ လက်မှတ်ဘယ်လို ၀ယ်ရမလဲဆိုတာကအစ ပြထားမယ်။ ပြီးတော့ ဘတ်စ်ကားပေါ်မှာလည်းစပယ်ယာမဟုတ်တဲ့ ယာဉ်အကူတစ်ယောက်က ကတ်အသုံးပြုပုံကို ပြသပေးလိမ့်မယ်။ ဘတ်စ်ကား ရှေ့ပေါက်က တက်ပြီး အနောက်ပေါက်က ဆင်းတဲ့စနစ်ကို အသုံးပြုထားတယ်။ ကားခဖြတ်ဖို့ ကတ်အသုံးပြုတာက ၀.၃ စက္ကန့်ပဲ ကြာပါမယ်။ စစချင်း ကတ်ထဲမှာကျပ်တစ်ထောင်ဖြည့်ပေးထားမှာ ဖြစ်ပြီးတော့
နောက်ပိုင်းမှာလည်း အလွယ်တကူငွေဖြည့်လို့ ရအောင် စီမံထားပါတယ်" ဟု ဒေါက်တာမောင်အောင်က ဆက်လက်ရှင်းပြသည်။
ယာဉ်စီးနင်းခမှာ ကျပ် ၃၀၀ သတ်မှတ်ထားပြီး ကတ်ဖြင့် ငွေချေသည့်စနစ်ကို အသုံးပြုသွားမည်ဖြစ်သည်။ ငွေပေးချေမှု အတွက် Integrated Smart Solutions ကုမ္ပဏီက တာဝန်ယူမည်ဖြစ်ကာ 'anypay' ဟုခေါ်သည့် ကတ်များအသုံးပြုမည်ဖြစ်သည်။
"လောလောဆယ် ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ ကတ်တန်ဖိုးကိုမယူသေးဘဲ အခမဲ့ပေးသွားမှာဖြစ်ပါတယ်။ ကတ်ထဲမှာ ကနဦးအနေနဲ့ ကျပ်တစ်ထောင်ထည့်ပေး ထားပြီးတော့ ခရီးသည်တွေက ကျပ် တစ်ထောင်ပဲပေးရမှာဖြစ်ပါတယ်။ နောက်ပိုင်း ကတ်ထဲကို ပိုက်ဆံဖြည့်ချင် ရင်လည်းအလွယ်တကူဖြည့်လို့ ရပါတယ်။ ဒီကတ်တွေအတွက် ရင်းနှီးမြှုပ်နှံမှုကတော့ လမ်းကြောင်း(၁) အတွက် အမေရိကန်ဒေါ်လာ ငါးမီလျံရင်းနှီးမြှုပ်နှံထားပါတယ်" ဟု ယင်းကုမ္ပဏီ၏ဒါရိုက်တာ ကိုကျော်ဇေယျက ပြောသည်။
Interview and news credit to Myanmar Times
comment