1. Home
  2. Special or Others

ကိုယ်တိုင်လုပ် ခေါင်းအုံးမွေ့ယာ

Special or Others ก.พ. 06, 2559 view 2,055

      ခေါင်းအုံးမွေ့ယာ ဆိုလို မျက်စိရှုပ်သွားလား။ ကလေးတွေဆော့ဖို့ဖြစ်စေ၊ မိမိတို့တစ်နေရာရာမှာ အပန်းဖြေအနားယူဖို့ဖြစ်စေ၊ ချောင်တစ်ချောင်မှာထိုင်ပြီး အေးဆေးမှီပြီး စာအုပ်လေးဖတ်ဖို့ဖြစ်စေ မွေ့ယာလေးလိုချင်တယ်ဆိုပါစို့။ အနည်းဆုံးခေါင်းအုံး ၄ခုလောက်နဲ့ သက်တောင့်သက်သာရှိတဲ့ မွေ့ယာလေးတစ်ခု ကိုယ်တိုင်ဖန်တီးလို့ရပါတယ်…။ စိတ်ဝင်စားသွားပြီမလား..။ ဘယ်လိုလုပ်လဲ ဆက်ပြောပြမယ်။ ကြည့်လိုက်ပါအုံး..။

လိုအပ်တဲ့ပစ္စည်းလေးတွေကို အရင်ပြောပြမယ်။

-       ခေါင်းအုံးစွပ် - ၄ခု

-       ခေါင်းအုံး - ၄ခု

-       ပင်အပ် ( pin) - အနည်းငယ်

-       အပ်နှင့် အပ်ချည် (သို့) အ၀တ်ချုပ်စက်

ခေါင်းအုံးမွေ့ယာလုပ်နည်းလေးကတော့

၁။ ခေါင်းအုံးစွပ် ၄ခုကို တစ်ခုဘေးမှာတစ်ခု ညီညီညာညာစီလိုက်ပါ။

၂။ ခေါင်းအုံးစွပ်လေးတွေကို တွဲချုပ်တဲ့အခါ ညီနေအောင် ခေါင်းအုံးစွပ်အနားတွေကို ပင်အပ်နှင့်အရင် တွဲထားပါ။ ( သင်ဟာ အပ်ချုပ်ရာမှာ ကျွမ်းကျင်မှုရှိတဲ့သူဆိုရင်တော့ ဒီအဆင့်ကိုကျော်လိုက်လို့ရပါတယ်။)

၃။ အနားတွေကို အပ်နှင့်အပ်ချည် (သို့) အ၀တ်ချုပ်စက် အသုံးပြုကာတွဲချူပ်ပါ။ ချုပ်ပြီးတဲ့နောက်မှာတော့ တွဲချုပ်ထားတဲ့ ခေါင်းအုံးစွပ် ၄ခုအတွဲကြီးရမှာဖြစ်ပါတယ်။

၎။ ခေါင်းအုံးစွပ်တွေထဲကို ခေါင်းအုံးတွေထည့်ပြီး အသုံးပြုနိုင်ပါပြီ။

 

လုပ်နည်းကလွယ်ကူပြီး သက်တောင့်သက်သာလည်းရှိ၊ အသုံးလည်းဝင်တယ်နော်..

 



Follow us on