1. Home
  2. Myanmar News

ယာဉ်နောက်လိုက် မပါသော BRT Bus များအား ရန်ကုန်မြို့တွင်း စတင်ပြေးဆွဲမည်

Myanmar News ก.พ. 09, 2559 view 1,624

ရန်ကုန်မြို့တွင်း သယ်ယူ ပို့ဆောင်ရေးတွင် အမြန် ဘတ်စ်ကားစနစ် (BRT- Bus Rapid Transit) ကို သုံးလအတွင်း အမြန်ဆုံး အကောင်အ ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သော အမြန် ဘတ်စ်ကားစနစ် အကောင်အ ထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက တင်ပြ ဆွေးနွေးခဲ့သည်ဟု အဆိုပါ ပွဲသို့ တက်ရောက်ခဲ့သူ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုခဲ့ သည်။

ယခု သတင်းအရ ဖေဖော်ဝါရီ(၇)ရက်နေ့မှ စ၍ ယာဉ်နောက်လိုက်မပါပဲ ယာဉ်စီးခွင့်ကဒ်များနဲ့ သီးသန့်မှတ်တိုင်များ ထားရှိတဲ့ BRT Bus ကားတွေ (၁၈)စီး စတင်ပြေးဆွဲမည် ဟုသိရသည် ။

BRT စနစ်ဆိုသည်မှာ ဘတ်စ်ကား သီးသန့် လမ်းကြောင်း တစ်ခု သတ်မှတ် ၍ ထိုလမ်းကြောင်းတွင် အခြားယာဉ်များ မပြေးဆွဲစေဘဲ သတ်မှတ် ထားသော ဘတ်စ်ကားများသာ ပြေးဆွဲစေသည့် စနစ်ဖြစ်ကြောင်း၊ MRT-Mass Rapid Transit အမြန်ရထား စနစ်ထက် အဆိုပါ အမြန် ဘတ်စ်ကားစနစ် (BRT) က ပို၍ လွယ်ကူစွာ အကောင်အထည်ဖော်နိုင် မည် ဖြစ်ကြောင်း၊ BRT စနစ် ဖော်ဆောင်ရန် လိုအပ်သော လမ်းအကျယ် (ဥပမာ- ပြည်လမ်းကဲ့သို့သော လမ်းတွင် အကောင်အထည်ဖော်ခြင်း) ရှိသကဲ့သို့ နည်းပညာအရလည်း လွယ်ကူကြောင်း မ.ထသ (ဗဟို) တွင် ဇူလိုင်လ ၂ ရက်နေ့က ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားခဲ့ သည်။



Follow us on