1. Home
  2. Movie Stars - Celebrity

မော်ဒယ်လောကမှ အနားယူတော့မယ့် Cindy Crawford

Movie Stars - Celebrity ก.พ. 10, 2559 view 1,651

 အမေရိကန် စူပါမော်ဒယ် Cindy Crawford က မော်ဒယ်လောကမှ အနားယူ တော့မည်ဟု United Airlines ၏မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် တရားဝင် ကြေညာခဲ့ပါသည်။ Cindy Crawford သည် ၁၉၈၀ ပြည့်ဝန်းကျင်တွင် မော်ဒယ်လော ကသို့ စတင်ခြေချခဲ့ပြီး ကမ္ဘာကျော် မော်ဒယ်တစ်ဦး ဖြစ်လာခဲ့သည်။

အသက် (၄၉)နှစ်အရွယ်ရှိ Cindy Crawford သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် အသက် (၅၀)ပြည့်မှာ ဖြစ်ပြီး အသက်(၅၀)ပြည့်ပြီးနောက် မော် ဒယ်လောကမှ အနားယူမည်ဟု Rhapsody မဂ္ဂဇင်းအား ပြောကြား ခဲ့သည်။

‘‘နောက် (၁၀) နှစ်လောက် အထိ ကျွန်မ ဓာတ်ပုံတွေရိုက်နေ မယ်ဆိုတာ အသေချာပါပဲ။ ဒါပေမဲ့ အဲဒီဓာတ်ပုံတွေကို မော်ဒယ် တစ်ယောက်အနေနဲ့ ရိုက်မှာတော့ မဟုတ်ပါဘူး။ အဆင်ပြေပါတယ်။ မော်ဒယ်တစ်ယောက် အနေနဲ့ ကျွန်မ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ပြီးပြီ။ အရမ်းကို ထူးခြားတဲ့ ဓာတ်ပုံ ဆရာတွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တာပါ’’ဟု Cindy Crawford က ပြောသည်။ Cindy Crawford ရဲ့ ဆယ် ကျော်သက်အရွယ်ရှိ သားနှင့် သမီး သည်လည်း မိခင်ခြေရာကို နင်း၍ မော်ဒယ်လောကသို့ ဝင် ရောက်နေပြီဖြစ်ပါ သည်။



Follow us on