1. Home
  2. Movie Stars - Celebrity

ချစ်သူများနေ့မှာ ဖျော်ဖြေမယ့် EXID အဖွဲ့

Movie Stars - Celebrity ก.พ. 11, 2559 view 1,636

ချစ်သူများနေ့မှာ ဖျော်ဖြေမယ့် EXID အဖွဲ့

                      Yedang Entertainment ရဲ့ ထုတ်ပြန်ချက်အရ EXID အဖွဲ့ဟာ ချစ်သူများနေ့မှာ သူတို့ရဲ့ ပရိတ်သတ်တွေနဲ့အတူ “EXID’s LEGGO SHOW” လို့ အမည်ပေးထားတဲ့ အသေးစား ဖျော်ဖြေပွဲတစ်ခု ကျင်းပသွားဖို့ရှိပါတယ်။ EXID အဖွဲ့ရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖျော်ဖြေပွဲလက်မှတ် ဝယ်ယူကြတဲ့ ပရိတ်သတ်တွေကိုလည်း အဖွဲ့ဝင်ကဒ်တွေကို အကန့်အသတ်နဲ့ ပေးသွားဦးမယ့်အပြင် ဖျော်ဖြေပွဲအပြီးမှာ အဖွဲ့ဝင်တွေနဲ့ ဓာတ်ပုံရိုက်ကူးလို့ရအောင် စီစဉ်ပေးသွားမှာပါ။ အဆိုပါ ဖျော်ဖြေပွဲမှာ အဖွဲ့ဝင်တွေ တစ်ယောက်စီ ကနေ သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ဖော် ပြသပေးသွားမယ်လို့လည်း သိရပါတယ် ။



Follow us on