1. Home
  2. Special or Others

အသားအရည် လှစေမယ့် သစ်သီး (၆) မျိုး

Special or Others ก.พ. 11, 2559 view 1,665

သစ်သီးတွေက အသားအရည်ကို လှပစေနိုင်သလို လူကိုလည်း ကျန်းမာစေပါတယ်။ သစ်သီး စားသုံးခြင်းကြောင့် ကိုယ်ခန္ဓာကို သွက်လက် ပေါ့ပါး စေနိုင်ပါသေးတယ်။ ဈေးကွက်မှာ လွယ်လင့်တကူ ဝယ်ယူနိုင်ပြီး အသားအရည်အတွက် အထူးကောင်းမွန်စေတဲ့ သစ်သီးတွေကို ဖော်ပြလိုက်ပေးလိုက်ရပါတယ်။
 
၁။ သင်္ဘောသီး
အသားအရည်ကို ဝင်းမွတ် တောက်ပစေနိုင်ပါတယ်။ သင်္ဘောသီးမှည့်ကို ဒီတိုင်း စားနိုင်သလို ဖျော်ရည်အနေနဲ့လည်း သောက်နိုင်တဲ့အပြင် အရည်ပြားကို scrub လုပ်ပေးရင် ကြည်လင်တောက်ပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာပါ။
 
၂။ ငှက်ပျောသီး
နူးညံ့တဲ့ အသားအရည်ကို ရရှိဖို့ ငှက်ပျောသီးကို စားသုံးပေးရပါမယ်။
 
၃။ စပျစ်သီး
သူကတော့ အသားအရည်ကို ချောမွေ့စေတဲ့ သစ်သီးပါ။
 
၎။ ကီဝီသီး
အသားအရည်ကို နုပျိုတင်းရင်းစေနိုင်ပါတယ်။
 
၅။ သံပုယိုသီး
သံပုယိုသီးမှာ အသားအရည်က အမဲစက်တွေကို ဖယ်ရှားပေးနိုင်ပြီး အဆီပြန်ခြင်းကို လျော့ပါးစေနိုင်စွမ်းတွေ ရှိနေပါတယ်။ သူ့ကိုတော့ စားသောက်ခြင်းထက် အသုံးပြုခြင်းမှာ ပိုပြီးသုံးရပါတယ်။
 
၆။ ပန်းသီး
အသားအရည်အတွက်တော့ သဘာဝကပေးတဲ့ အစွမ်းထက် သမားတော်လို့တောင် တင်စားနိုင်ပါတယ်။ ပန်းသီးပုံမှန်စားရင် အသားအရည်လည်း လှပသလို လူလည်း ကျန်းမာမှာပါ။

ဒီအသီးလေးတွေကို ပုံမှန်စားပေးခြင်းဖြင့် ကျန်းမာလှပနိုင်ကြပါစေ။



Follow us on