1. Home
  2. Myanmar News

မြန်မာနိုင်ငံက သတင်းသမား နိုင်ငံတကာ မီဒီယာထဲမှာ အရေးပါတဲ့ ဆု တစ်ခုဖြစ်တဲ့ Lorenzo Natali Media Prize ဆုကို လက်ခံရရှိ

Myanmar News ก.พ. 11, 2559 view 1,546

 နိုင်ငံတကာ မီဒီယာထဲမှာ အရေးပါတဲ့ ဆု တစ်ခုဖြစ်တဲ့ Lorenzo Natali Media Prize ဆုကို ၁၉၉၀ ၀န်းကျင်ကတည်းက European Commission အနေနဲ့ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွက် ယူရို ၅,၀၀၀ အပြင် ဆုတံဆိပ်ကိုတော့ မြန်မာနိုင်ငံက သတင်းသမား ကိုထက်ခေါင်လင်းက လက်ခံရရှိခဲ့ပါတယ်။

ကိုထက်ခေါင်လင်းက အသက်မပြည့်သေးတဲ့ လိင်လုပ်သား အမျိုးသမီးလေးတစ်ဦးနဲ့ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံစားနေရတဲ့ သူ့ရဲ့ အမေတို့ဆီ သတင်းထောက်တစ်ဦးအနေနဲ့ ချဉ်းကပ်ပြီး အဖြစ်မှန်တွေကို ကြိုးစား မေးမြန်းခဲ့ကာ အရွယ်မရောက်သေးတဲ့ မိန်း ကလေးတွေအနေနဲ့ ဆင်းရဲမွဲတေမှုကြောင့် လိင်လုပ်သားအဖြစ် ကျင်လည်နေကြရတဲ့ အကြောင်းဖော်ပြထားတဲ့ ဒီဆောင်းပါးကို စာဖတ်ပရိသတ်တွေကြားထဲ အရောက်ပို့ ပေးနိုင်ခဲ့ပါတယ်။ "ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရလို့ မိန်းကလေးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဒီဆောင်းပါးကို ရေးချင်စိတ်တွေ ဖြစ်ခဲ့တယ်။ ငါ့သမီးလေးများသာ ဆိုရင်ဆိုတဲ့ ကိုယ့်သားသမီးချင်း ကိုယ်ချင်းစာတဲ့ စိတ်ခံစားမှုမျိုး အရမ်းဖြစ်မိတယ်။

 ဒီလုပ်ငန်းက မြန်မာနိုင်ငံ မှာ တရားမ၀င်တဲ့အတွက် ဒီလုပ်ငန်းတွင်းမှာ ရှိနေတဲ့ မိန်းကလေးတွေက နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်မှုတွေကို ခံစားနေရတာကို တွေ့ နေ၊ ကြားနေရပါတယ်။ နောက်ပြီး လူသူရှေ့ မှာ ဒီလိုကိစ္စတွေက မကောင်းဘူးလို့ ပြောနေကြတဲ့သူတွေရော၊ လိင်ကိစ္စနဲ့ ကင်းကွာ နိုင်ရဲ့လား၊ သူတို့တွေကရော ပြည့်တန်ဆာနဲ့ မပျော်ပါးကြတော့ဘူးတဲ့လား။ အိမ်ထောင်ရေး ဖောက်ပြားတာတွေရော မရှိကြဘူးလား" လို့ ကိုထက်ခေါင်လင်းက ပြောပါတယ်။ နောက်လာမယ့် အစိုးရအနေနဲ့ ကလေးလုပ်သားတွေအပေါ် ဘယ်လိုမျိုးဥပဒေတွေနဲ့ ကာကွယ်ပေးမလဲ ဆိုတာကို ထည့်သွင်း စဉ်းစားစေချင်ပြီး ကလေးတွေကို မသင်မနေရ ပညာရေးစနစ် လုပ်ပေးလိုက်ရုံနဲ့ ကလေးတွေအနေနဲ့ ပြီးပြည့်စုံပြီလား။

 ပြီးတော့လည်း အရွယ်မရောက်သေးတဲ့ လိင်လုပ်သားတွေကို ကာကွယ်ဖို့ဆိုတာက အဲဒီကလေးလိင်လုပ်သားတွေကို စားသုံးနေတဲ့ အရွယ်ရောက်ပြီးသော လူကြီးတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အဲဒီ ဆင်းရဲမွဲတေမှုနဲ့ ကလေးပြည့်တန်ဆာ (Poverty drives Myanmar girls into underage sex work) ဆောင်းပါးကို နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ Lorenzo Natali Media Prize အတွက် ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ။

http://myanmar.mmtimes.com/



Follow us on