1. Home
  2. Movie Stars - Celebrity

ဒါရိုက်တာဝိုင်းနဲ့ ရိုက်ရမယ့် ဇာတ်ကား အတွက် ရင်ခုန် နေတဲ့ ပိုင်ဖြိုးသု

Movie Stars - Celebrity ก.พ. 11, 2559 view 1,605

‘နေဝင် အိပ်တန်းတက်’ ရုပ်ရှင်ကို ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် စတင် ရိုက်ကူး ဖြစ်ပြီး ဒါရိုက်တာဝိုင်းနှင့် ပထမဆုံး ရိုက်ကူးရသည့် ဇာတ်ကား ဖြစ်သောကြောင့် ရင်ခုန်ရကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောကြားခဲ့ပါသည်။

‘‘ကိုဝိုင်းနဲ့ တစ်ခါမှ မဆုံဖူးဘူး။ ဗီဒီယိုတောင် မဆုံဖူးဘူး။ ကိုဝိုင်းက အိုက်တင်တွေ အရမ်းသင်တဲ့ ဒါရိုက်တာ အဖြစ် နာမည်ကြီးတော့ ကိုဝိုင်းရဲ့ သင်ပေးမှုနဲ့ ရုပ်ရှင်ရိုက်ရမယ့် အတွက် ရင်ခုန်တယ်’’ဟု ပိုင်ဖြိုးသုက ပြောကြားခဲ့ သည်။

‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင်သည် လင်္ကာရည်ကျော်၏ ဝတ္ထုဖြစ်ပြီး ပြေတီဦး၊ ထွန်းအိန္ဒြာဗိုတို့နှင့် အတူ တွဲဖက် သရုပ်ဆောင် ရမည်ဖြစ်ကာ ယင်းဇာတ်ကားတွင် ၎င်းက ပြေတီဦးကို တစ်ဖက်သတ်ကြိုက်နေသည့် အမျိုးသမီးတစ်ဦး၏ နေရာမှ သရုပ်ဆောင် ရမည်ဖြစ်သည်။

စိန်ခေါ်မှုကတော့ ဗီဒီယိုဖြစ်ဖြစ်၊ ရုပ်ရှင် ဖြစ်ဖြစ်ရှိတယ်။ ဒီကားမှာက ပိုပြီးရင်ခုန်တာက ကာရိုက်တာကလည်း အရမ်းကြိုး စားရမယ့်ကာရိုက်တာဖြစ်နေတယ်။ ညီမအတွက် ရုပ်ရှင်ကား ကြီးမှာ ခေါင်းဆောင်အနေနဲ့ ဒီ ကား ပထမဆုံးပဲ။ နောက်ပြီး ဝတ္ထုကလည်း ညီမအရမ်းကြိုက်တဲ့ ဝတ္ထုဆိုတော့ အမှတ်တရဖြစ်မယ်လို့ ထင်ပါတယ်’ ယင်းဇာတ်ကားကို ဖေဖော်ဝါရီလဆန်းပိုင်းထဲက  စတင် ရိုက်ကူးနေပါသည်။



Follow us on