
VDay မှာ အလေးထားရဆုံးသူကို လက်ဆောင်ပေးမယ့် Selena Gomez
Selena ဟာ Valentine's Day နေ့အတွက် အထူးစပယ်ရှယ်လက်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် selena ဟာ သူမရဲ့ ဗယ်လင်တိုင်းလက်ဆောင်ကို ပေးဖို့ စီစဉ်ထားတာက အမျိုးသားတွေဆီကို မဟုတ်ဘဲ သူမ ချစ်ခင်ရတဲ့ သူငယ်ချင်းမလေးတွေပါတဲ့။
"selena က သူမရဲ့ သူငယ်ချင်းမလေးတွေဆီက အချစ်တွေနဲ့ အားပေးမှုတွေ အများကြီးရတယ်။ သူမရဲ့ စိတ်ဓာတ်အကျဆုံးအချိန်တွေမှာလည်း သူမကို ဖေးမခဲ့ကြတယ်။ အခု သူတို့အပေါ် သူမရဲ့အချစ်ကို ပြသဖို့ Selena က တွေးနေတယ်" လို့ သူမနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ Taylor Swift လို အချစ်ဆုံးသူငယ်ချင်းမလေးတွေ ရှိတဲ့ Selena ဟာ Valentine's Day မှာသူမရဲ့ သူငယ်ချင်းတွေနဲ့အတူ ဘာလုပ်မှာလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
comment