
လူတော်တော်များများက သူတို့ရဲ့မျက်နှာတွေကို ရေပူပူနဲ့ ရေချိုးနေရင်းသစ်တတ်ကြပါတယ်။ ဒါကကျွန်တော်တို့အတွက် လွယ်ကူစေတော့ အမြဲလုပ်ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီလိုအပြုအမူဟာ သင့်အသားအရေကို ထိခိုက်မှုအများကြီးဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။
အကြံပြုချက်တွေအရ၊ သင့်မျက်နှာသစ်ဖို့အတွက် ရေအေးနဲ့၊ ကြက်သီနွေးရှိတဲ့ရေတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ရေပူနဲ့ရေချိုးရင်း မျက်နှာသစ်တာဟာ အခုလိုထိခိုက်စေတာပဲဖြစ်ပါတယ်။
အလှအပရေးရာ ကျွမ်းကျင်သူ Amadine Isnard က "ကျွန်မတို့ဘာလို့ ပန်းကန်ဆေးတဲ့အခါ ရေပူကိုသုံးတာပါလဲ။ ရှင်းပါတယ်။ ရေပူဟာ ရှိသမျှအဆီအားလုံးကိုဖယ်ရှား ပစ်တတ်လို့ပါပဲ။"
သူမက "ရေပူက မျက်နှာအသားအရေပေါ်မှာရှိနေတဲ့ သဘာဝအဆီတွေကိုပါ ဖယ်ရှားရှင်းလင်းပစ်ပြီး အစက်အပျောက်တွေနဲ့ ရောဂါတွေကို ဖြစ်ပေါ်လာစေပါတယ်။" လို့ပြောပါတယ်။ ရေအေးနဲ့ ရေနွေးနွေးကတော့ မျက်နှာကို ရောဂါတွေ မဖြစ်ပေါ်စေပဲ အသားအရေအတွက်ကောင်းမွန်ပါတယ်။
သူမကဆက်ပြီးတော့ တကယ်လို့မျက်နှာကို ပိုမိုကောင်းမွန်စေချင်ရင်တော့ သင့်အနေနဲ့ အပူချိန် နည်းနည်း ရှိတဲ့ရေနဲ့ ရေချိုးရင်းမျက်နှာသစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
Credit:
health.thithtoolwin.com
Ref: Independent
comment