1. Home
  2. Myanmar News

နိုင်ငံခြားသား ဧည့်သည်များ စီးနင်း လိုက်ပါ လာသောကား ဘက်ထရီ ငုတ်တိုင်အပူ လွန်ကဲရာမှ ကားတစ်စီးလုံး မီးလောင်ကျွမ်း

Myanmar News ก.พ. 15, 2559 view 1,811

ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်က ဧရာဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် ရေတာကြီးကျေးရွာအုပ်စု ထိပ်အုပ်ကျေးရွာအနီး ပုသိမ်- ရန်ကုန်ကားလမ်း မိုင်တိုင်အမှတ် (၂၇/၆) အနီး၌ နိုင်ငံခြားခရီးသွားဧည့်သည်များ စီးနင်းလိုက်ပါလာသော ယာဉ်တစ်စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းအရ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ရဲဗလမျိုးဝင်းသည် အချိန်နှင့်တစ်ပြေးညီ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် မီးသတ်ရေယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦး၊ ဒါးကနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ခုနစ် ဦး၊ ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ် ဦးစီးမှူး ဦးတင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ခုနစ်ဦး၊ မီးငြှိမ်း သတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ကွပ်ကဲရေးယာဉ် တစ်စီးနှင့်အတူ ဒေသခံများ ပူးပေါင်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ၌ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ က ယာဉ်မောင်း ဦးဘဖန် (၂၇)နှစ် မောင်းနှင်လာသော (5F/------)ALPHARD အဖြူရောင်ယာဉ်သည် ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံသူတစ်ဦး၊ အမေရိကန်နိုင်ငံသူတစ်ဦး၊ ထိုင်းနိုင်ငံသူတစ်ဦး၊ သီရိ လင်္ကာနိုင်ငံသူ နှစ်ဦး၊ နိုင်ငံသားတစ်ဦး ပေါင်း ခုနစ်ဦးတို့ စီးနင်းလိုက်ပါ၍ ငွေဆောင်ကမ်းခြေမှ ရန်ကုန်မြို့သို့ အပြန်ခရီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် (၂၇/၆) အနီး၌ ၄င်းတို့စီးနင်းလိုက်ပါလာသော ကား၏ဘက်ထရီငုတ်တိုင် အပူလွန်ကဲရာမှ ရှော့ဖြစ်ပြီး ကား တစ်စီးလုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည် ခုနစ်ဦးအနက် ထိုင်းနိုင်ငံသူ Ms.Miss Dusanee တစ်ဦးသာ ကြောက်ရွံ့စွာကားပေါ်မှ ခုန်ချသဖြင့် ၄င်း၏ခြေချင်းဝတ် နာကျင် (မစိုးရိမ်ရ) ဒဏ်ရာရရှိပြီး ပုသိမ်မြို့တိုင်းဆေးရုံ၌ တင်ပို့ကုသလျက်ရှိသည်။ အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဘဖန်အား ကျောင်းကုန်းမြို့နယ် ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily



Follow us on