1. Home
  2. Myanmar News

Bobby Soxer ရှိုးပွဲမှာ ပရိတ်သတ်က ပစ်လိုက်တဲ့ ခဲမှန်ပြီး ဘန်ကောက်မှာ မျက်လုံးကုသမှု ခံယူနေရ

Myanmar News ก.พ. 15, 2559 view 1,774

ပြီးခဲ့သည့်ရက်က ပရိသတ်ပစ်လိုက်သောခဲကြောင့် မျက်လုံးတွင် ဒဏ်ရာရရှိခဲ့သည့် Bobby Soxer သည် ဘန်ကောက်၌ ဆေးကုသမှုခံယူနေကြောင်း လွှမ်းပိုင်က ပြောသည်။

‘‘ထက်ထက်က ဘန်ကောက်မှာ ဆေးသွားကုနေပါတယ်။ ဆရာဝန်တွေ ပြောတာတော့ အခြေအနေကတော့ ကောင်းပါတယ်။ တစ်ပတ်လောက်တော့ ဆေးရုံတက်ရမယ်’’ဟု လွှမ်းပိုင်က ပြောသည်။ ဆေးကုသမှုခံယူနေ၍ ဖေဖော်ဝါရီ ၁၄ ရက်တွင် ချစ်သူ များနေ့အထိမ်းအမှတ်ပြုလုပ် မည့် ဖျော်ဖြေပွဲ များကို လွဲချော်ခဲ့ရသည် ။

ထက်ထက်သည် ဖေဖော်ဝါ ရီ ၉ရက်ညက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ခတ္တိယအထက် ကျေးရွာအုပ်စု မှင်ပတောကျေးရွာတွင် ပြုလုပ်သည့် ဖျော်ဖြေပွဲ၌ ပရိသတ်ပစ်လိုက်သည့် ခဲထိမှန်၍ မျက်လုံးတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ခဲထိမှန်ခဲ့သည့် ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်တွင်တင်ထားရာ ပြန်လည်မျှဝေသူများက ခဲနှင့်ပစ် သည့်သူကို ဝေဖန်ခဲ့ကြပြီး ပရိသတ်များနှင့် မိတ်ဆွေများက ထက်ထက်အမြန်ဆုံးနေကောင်းရန် ဆုတောင်းပေးထားကြသည်။



Follow us on