1. Home
  2. Special or Others

သန့်ရှင်းရေး လုပ်ရာမှာ အသုံးဝင် လှတဲ့ Coca Cola

Special or Others ก.พ. 16, 2559 view 2,683

၁။ ဆီကွက်တွေ၊ အင်ဂျင်ဝိုင်ကွက်တွေကို သန့်ရှင်းပေးနိုင်ပါတယ်။
ကားဂိုထောင်ထဲက ကြမ်းပြင်မှာ ဆီကွက်တို့၊ အင်ဂျင်ဝိုင်ကွက်တို့ကြောင့် ရုပ်ဆိုးနေပါသလား။ ကိုလာတစ်ဘူးဝယ်ပြီး ကြမ်းပြင်ပေါ်လောင်းလိုက်ပါ။ နာရီအနည်းငယ်ပစ်ထားလိုက်ပါ။ ထို့နောက် ဖိအားကောင်းသောရေပိုက်နှင့်ဆေးချလိုက်ပါ။ နဂိုအတိုင်းသန့်ရှင်းတဲ့ ကြမ်းပြင်ပြန်ဖြစ်သွားမှာပါ။

၂။ သံချေးချွတ်နိုင်ပါတယ်။
သင့်အိမ်မှာရှိတဲ့ သံထည်ပစ္စည်းတွေ မသုံးတာကြာလို့ သံချေးတက်နေပါသလား။ ကိုလာမှာပါတဲ့ Citric Acid က သံချေးတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ပုံးတစ်ပုံးထဲမှာ ကိုလာဖြည့်ပြီး သံချေးချွတ်ချင်တဲ့ ပစ္စည်းကို ကိုလာပုံးထဲမှာ ၂၄နာရီခန့်စိမ်ထားပြီး Brush နဲ့တိုက်ပါက အလွယ်တကူ သံချေးများကျွတ်သွားမှာဖြစ်ပါတယ်။

၃။ အင်္ကျီအစွန်းချွတ်နိုင်ပါတယ်။
အစားအသောက်တွေကြောင့် မတော်တဆပဲဖြစ်ဖြစ် သင့်အင်္ကျီစွန်းပေသွားတဲ့အခါ အရမ်းစိတ်ညစ်စရာကောင်း ပါတယ်။ အစွန်းချွတ်ဆေးတွေရှိနေပေမဲ့လည်း ကိုလာတစ်ဘူးဈေးနှုန်းက ပိုသက်သာပြီး အစွန်းချွတ်ရာမှာ လည်း အထောက်အကူပြုပါတယ်။ သင်အ၀တ်လျှော်နေကြအတိုင်း ဇလုံထဲမှာ ရေနဲ့ဆပ်ပြာမှုန့် ရောပြီးနောက် ကိုလာတစ်ဘူးကို လောင်းထည့်လိုက်ပြီး ပုံမှန်အတိုင်းလျှော်ပါ။ အခြောက်ခံပြီးနောက် ပုံမှန်အတိုင်း သန့်စင်သွားတဲ့ အင်္ကျီလေးကို တွေ့ရမှာပါ။ အစားအသောက်ပေစွန်းခြင်းသာမက အနာတရဖြစ်လို့ သွေးပေသည်ဖြစ်စေ၊ အနံ့ဆိုးတွေစွဲသည်ဖြစ်စေ ကိုလာတစ်ဘူးလောင်းထည့်ပြီးသာ လျှော်လိုက်ပါ။ အစွန်းတွေရော အနံ့ဆိုးတွေပါပျောက်သွားမှာပါ။

၎။ ပီကေကပ်နေခြင်းကို အလွယ်တကူခွာချနိုင်ပါတယ်။
ဆံပင်မှာ၊ ဖိနပ်မှာ (သို့) အသုံးအဆောင်ပစ္စည်းတစ်ခုခုမှာ ပီကေကပ်နေပြီဆို စိတ်ဒုက္ခရောက်ရတတ်ပါတယ်။ ခွက်တစ်ခုထဲမှာ ကိုလာထည့်ပြီး ပီကေကပ်နေတဲ့ ဆံပင် (သို့) ပစ္စည်းကို ခဏစိမ်ထားလိုက်ပါ။ ပီကေ အလွယ်တကူ ကွာကျလာမှာဖြစ်ပါတယ်။



Follow us on