1. Home
  2. Special or Others

Youtube ဖွင့်ထားပြီး တခြား Phone Application တွေကိုဘယ်လိုသုံးမလဲ။

Special or Others ก.พ. 17, 2559 view 1,615

သင်ဟာ iphone သုံးတဲ့သူဆိုရင် Youtube လည်းဖွင့်ချင် တခြား App လည်းသုံးချင်၊ ဒါပေမဲ့လည်း Youtube ဖွင့်ထားပြီးရင် တခြား App ကိုသုံးလို့ လည်းမရနဲ့ စိတ်ရှုပ်ရတဲ့ ဒုက္ခကိုခံစားဖူးမှာပါ။ သို့သော်လည်း အဲ့စိတ်ဒုက္ခကို ဖြေရှင်းပေးမဲ့နည်းလမ်းကိုတွေ့ထားပါပြီ။

**တစ်ခုကြိုပြီး ပြောထားချင်တာကတော့ ယခုပြောပြမဲ့နည်းလမ်းက Youtube Application မှာအသုံးပြုလို့ မရပါဘူး။ Browser ကနေ တစ်ဆင့် အသုံးပြုမှ ပဲရမှာပါ။**

- အရင်ဆုံး Safari ကိုသွားပြီး www.youtube.com ကိုသွားပါ။
- မိမိနားထောင်ချင်တဲ့သီချင်းကိုရွေးချယ်ပါ။
- ထို့နောက် safari ကနေထွက်လိုက်ပါ။ သီချင်း pause ဖြစ်သွားပါလိမ့်မယ်။ ဖုန်းscreen အောက်ကနေ အပေါ်သို့ swipe လုပ်လိုက်ပါက Control center ပေါ်လာပြီး Audio Player လည်း တစ်ခါတည်းပေါ်လာပါ လိမ့်မယ်။
- Audio Player ကို play နှိပ်လိုက်ပါ။ တခြား Application တွေသုံးရင်းနဲ့ သင် Youtube မှာဖွင့်ထားတဲ့ သီချင်းကို နားထောင်နိုင်မှာဖြစ်ပါတယ်။ (ယခုနည်းလမ်းကို ipad တွေမှာလည်း အသုံးပြုလို့ရပါတယ်။)

အခုလို Browser ကနေ Youtube သီချင်းတွေဖွင့်ထားပြီး တခြား phone app တွေသုံးလို့ရတယ်ဆိုတာကို သိသူတွေရှိကြပေမဲ့လည်း မသိသေတဲ့သူတွေအတွက် ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။ အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်နော်… ။ Enjoy!!



Follow us on