1. Home
  2. Movie Stars - Celebrity

ခြေတစ်ဖက်ထဲနဲ့ ဖက်ရှင် စင်မြင့်တွေ ပေါ်မှာ မြင်တွေ့ ရတဲ့ မော်ဒယ်လ်

Movie Stars - Celebrity ก.พ. 18, 2559 view 1,687

ခြေတစ်ဖက်သာ ရှိတဲ့ လော်ရန်ဝက်ဆာဟာ New York Fashion Week စင်မြင့်ပေါ်ကို ပထမဆုံးအကြိမ်အဖြစ် တက်ခွင့်ရခဲ့ပါပြီ။  

မသန့်စင်တဲ့ အမျိုးသမီး လစဉ်သုံး ဂွမ်းတောင့် အသုံးပြုမိခြင်း ကြောင့် ၂၀၁၂ ခုနှစ်မှာ သူမရဲ့ ညာခြေထောက်ကို ဆုံးရှုံးခဲ့ရတာပါ။ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ လော်ရန်ဝက်ဆာအကြောင်းဟာ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ ဖော်ပြခဲ့ဖူးတာကြောင့် သူမကို လူသိများလှ ပါတယ်။

မော်ဒယ်လ်အလုပ်ကို အရမ်းဝါသနာပါတဲ့ လော်ရန်ဟာ သူမရဲ့ မလျှော့သော လုံ့လကြောင့် အခုဆိုရင် New York Fashion Week စင်မြင့်ပေါ်ကို ပထမဆုံး အကြိမ်အဖြစ် တက်ခွင့်ရခဲ့ပါပြီ။

သူမရဲ့ ပထမဆုံး ပွဲဦးထွက်ပွဲဖြစ်တဲ့ အဲဒီပွဲမှာ သူမဟာ Chromat တံဆိပ် အတွင်းခံနဲ့ အဝတ်အစားများကို ကိုယ်စားပြုပြီး ရှိုးလျှောက်ခဲ့ရတာ ဖြစ်ပါတယ်။



Follow us on