ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားတဲ့ ရဲရင့်အောင်ရဲ့ ကြူစီဂိမ်း ဇာတ်ကားကို ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ ပရိုမိုးရှင်း ပြုလုပ်မှာပါ။ဒီဇာတ်ကားကိုလည်း ဘိုဘိုရုပ်ရှင်ထုတ်လုပ်ရေးကပဲ ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။
ဇာတ်ကားထွက်ရှိမယ့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည် ၂နာရီ လှည်းတန်းစင်တာမှာဘဲ ပရိသတ်တွေနဲ့သူနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
"ပထမဆုံးစရိုက်ခဲ့တဲ့ဇာတ်ကားဖြစ်တဲ့အတွက် ရင်တော့ခုန်မိတယ်။ကိုယ်ကသရုပ်ဆောင်မဟုတ်တဲ့အတွက် အရမ်းမကျွမ်းကျင်ဘူးလေ။ဒါပေမဲ့ အကောင်းဆုံးကြိုးစားထားပါတယ်။ ပရိသတ်တွေ ကလည်း ဝေဖန်ပေးကြပါအုံးလို့ပြောချင်ပါတယ်"လို့ ပြောပါတယ်။
သူရဲ့ပရိသတ်တွေအားလုံးကိုလည်း အဲ့နေ့မှာ လာခဲ့ကြဖို့သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖိတ်ခေါ်ထားပါသေး တယ်။အဲ့ဒီဇာတ်ကား ထဲမှာ ရဲရင့်အောင်၊အိချောပိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။